ကူးစက်မှုအစုအ‌ဝေး တွေ့ရှိခဲ့ရတဲ့ ဘန်ကောက်မြို့တော်အနီး Samut Sakhon ခရိုင်ကို lockdown လုပ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ နေ့အလိုက် COVID-19 ကူးစက်မှုများ စံချိန်တင် မြင့်တက်လာခဲ့ပြီးနောက် လူဦးရေ ၁၀,၀၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ လုပ်ဆောင်နေ‌ပါတယ်။

(Photo: AFP)

ထိုင်းမှာ ဒီဇင်ဘာ ၁၉ ရက် ထုတ်ပြန်မှုအရ တစ်ရက်အတွင်း ကူးစက်ခံသူ ၅၀၀ ကျော် တိုးလာခဲ့ပြီး နေ့အလိုက်ကူးစက်မှု အမြင့်ဆုံးဖြစ်လာခဲ့ပါတယ်။ ထိုကူးစက်မှုတွေဟာ ဘန်ကောက်မြို့ အနောက်တောင်ဘက် Samut Sakhon ခရိုင်ရှိ ပုစွန်ဈေးတစ်ခုနဲ့ ဆက်နွယ်နေကြောင်း တာဝန်ရှိသူတွေက ယူဆထားပါတယ်။ ထိုဈေးမှ ပထမဆုံး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရသူဟာ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ဖြစ်ပါတယ်။



Samut Sakhon ခရိုင်နဲ့ အနီးအနားရှိ Samut Songkhram ၊ Nakhon Pathoom ၊ Taweesin Wisanuyothin ကဲ့သို့ နေရာများရှိ လူဦးရေ ၁၀,၃၀၀ ကို ဗိုင်းရပ်စ်စစ်ဆေးနေကြောင်း ထိုင်းနိုင်ငံ COVID-19 တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့က ပြောထားပါတယ်။ ကူးစက်မှုအစုအ‌ဝေး တွေ့ရှိခဲ့ရတဲ့ ဘန်ကောက်မြို့တော်အနီး Samut Sakhon ခရိုင်ကို lockdown လုပ်ထားပါတယ်။

(Photo: AP)

ကူးစက်မှုတွေနဲ့ ဆက်နယ်နေတဲ့ ပုစွန်ဈေးမှာ အလုပ်လုပ်ကိုင်ကြသူတွေဟာ မြန်မာနိုင်ငံမှ ရွေ့ပြောင်းအလုပ်သမားများ ဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေကို နေအိမ်မှာနေကြရန် ညွှန်ကြားချက်ထုတ်ထားပါတယ်။ ထိုင်းဟာ COVID-19 စတင်တွေ့ရှိခဲ့ရာ တရုတ်ပြင်ပမှာ ပထမဆုံး ကူးစက်မှုတွေ့ရတဲ့ နိုင်ငံဖြစ်ခဲ့ပေမဲ့ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

လတ်တလော ပြန်တွေ့လာရတဲ့ ကူးစက်မှုအများစုဟာလည်း ပြည်ပကူးစက်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) ထုတ်ပြန်မှုအရ ထိုင်းမှာ ကူးစက်ခံရသူ ၃၈၂ ဦး တိုးလာခဲ့ပြီး ၎င်းတို့အနက် ၃၆၀ ဦးဟာ Samut Sakhon ခရိုင်မှ ရွေ့ပြောင်းအလုပ်သမားများ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၅,၂၈၉ ဦးနဲ့ သေဆုံးသူ ၆၀ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က