လတ်တလော ခရီးသွားရာဇဝင်မရှိသူ ကော်လိုရာဒိုပြည်နယ်မှ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။
Ko John

ဗြိတိန်မှာတွေ့ရတဲ့ ပိုမိုကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှုကို အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ရှိလာရကြောင်း သိရပါတယ်။

(Photo: AFP)

ကော်လိုရာဒိုပြည်နယ်မှ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးထံမှာ ဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေ့ရပြီး ၎င်းဟာ လတ်တလော ခရီးသွားရာဇဝင်မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ထိုအမျိုးသားကို သီးခြားခွဲထားပြီး ၎င်းနဲ့ထိတွေ့မှုရှိသူတွေကိုနဲ့ အခြား ဖြစ်နိုင်ခြေရှိတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှုတွေကို ရှာဖွေဖော်ထုတ်ရန် လုပ်ဆောင်နေကြောင်း ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဗြိတိန်မှာ စတင်တွေ့ခဲ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကို ယခုအခါ အမေရိကန်အပါအဝင် နိုင်ငံ ၁၈ ခုထက်မနည်းမှာ တွေ့ရှိထားကြောင်း သိရပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၉ သန်းကျော်နဲ့ သေဆုံးသူ ၃၄၁,၀၀၀ ကျော်ရှိခဲ့ပါတယ်။

(Photo: AP)

အမေရိကန်မှာ ယခုလလယ်ပိုင်းမှစပြီး ကာကွယ်ဆေးထိုးနှံမှုများ စတင်နေခဲ့ပြီ ဖြစ်ပါတယ်။ လေ့လာဆန်းစစ်မှုတွေအရ ၇၀ ရာခိုင်နှုန်း ကူးစက်မှုပိုမြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကို ဩစတြေးလျ၊ ဒိန်းမတ်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ လက်ဘနွန်၊ နယ်သာလန်၊ နိုင်ဂျီးရီးယား၊ စင်ကာပူ၊ စပိန်၊ တောင်အာဖရိက၊ ဆွီဒင်၊ ဗြိတိန်၊ ဖင်လန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ အမေရိကန်တို့မှာ တွေ့ရှိထားကြောင်း သိရပါတယ်။


Author


က္က