ဆိုးလ်မြို့မှာလည်း ခွပ်ခွာနေထိုင်ရန် စည်းမျဥ်းများကိုလည်း ဇန်နဝါရီ ၁၇ ရက်အထိ ရက်တိုးချဲ့ထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားမှာ COVID-19 ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေတာကြောင့် လုပ်ငန်းတာဝန်အရ မဟုတ်တဲ့ စုရုံးမှုတွေကို လူလေးဦးထက်မပိုရန် တားမြစ်ချက်အား တစ်နိုင်ငံလုံးမှာ တိုးချဲ့ထုတ်ပြန်လိုက်ပါတယ်။

(Photo: Reuters)

ထို့အတူ ဆိုးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်ဧရိယာတွေမှာလည်း မကြုံစဖူး တင်းကျပ်တဲ့ ခွပ်ခွာနေထိုင်ရန် စည်းမျဥ်းများကိုလည်း ဇန်နဝါရီ ၁၇ ရက်နေ့အထိ ရက်တိုးချဲ့ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ ယခု စီမံဆောင်ရွက်ချက်တွေဟာ သေဆုံးမှုတွေမြင့်တက်စေခဲ့တဲ့ အချိန်ကြာရှည် ကူးစက်မှုမြင်နေခြင်းကို လျှော့ချရန် မလွှဲမရှောင်သာ လိုအပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Kwon Deok-cheol က သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။



ယမန်နေ့ ညဥ့်နက်ပိုင်း ထုတ်ပြန်ချက်အရ တောင်ကိုရီးယားမှာ COVID-19 ကူးစက်ခံရသူ ၈၂၄ ဦး တိုးလာခဲ့ရာ ယခင်ရက်မှာ ၁,၀၂၉ ဦး တွေ့ရှိခဲ့ရာမှ လျော့ကျလာခဲ့တာ တွေ့ရပါတယ်။ တာဝန်ရှိသူတွေကတော့ နှစ်သစ်ကူးအားလပ်ရက်တွေမှာ ဗိုင်းရပ်စ်စစ်ဆေးမှု နည်းခဲ့တာကြောင့် ထိုသို့ လျော့ကျသွားခြင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

တောင်ကိုရီးယားမှာ လတ်တလော တွေ့ရှိရတဲ့ ကူးစက်မှုအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းအထိဟာ သေးငယ်တဲ့ လူစုရုံးမှုများနဲ့ ဆက်နွယ်နေကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ခရစ်စမတ်အားလပ်ရက် မတိုင်မီမှစပြီး ဆိုးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်ဧရိယာတွေမှာ ထိုသို့ လူစုရုံးမှုတွေကို တားမြစ်ချက်ထုတ်ထားခြင်းဟာ တနင်္ဂနွေနေ့ (ဇန်နဝါရီ ၃ ရက်) မှာ ပြီးဆုံးမှာြဖစ်ပြီး ယခုအခါ ရက်ထပ်တိုးလိုက်တာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားက ဘုရားကျောင်းများ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ နှင်းလျှောစီးအပန်းဖြေစခန်းများနဲ့ အခြား နေရာတွေကိုလည်း ပိတ်ပင်ကန့်သတ်ထားပါတယ်။ ကူးစက်မှုထိန်းချုပ်ရေး စည်းမျဥ်းတွေကို ဆက်လက် ထုတ်ပြန်ထားရှိရခြင်းအတွက် ကျန်းမာရေးဝန်ကြီးက ပြည်သူတွေကို တောင်းပန်ခဲ့ပြီး စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။

(Photo: Reuters)

တောင်ကိုရီးယားမှာ အများပြည်သူကို COVID-19 ကာကွယ်ဆေးထိုးနှံမှုများ ဖေဖေါ်ဝါရီလအတွင်း စတင်သွားမှာဖြစ်ပြီး လာမယ့် လအနည်းငယ်ဟာ နောက်ဆုံး အခက်အခဲ ဖြစ်လိမ့်မယ်လို့ Kwon Deok-cheol က ဆိုပါတယ်။ တောင်ကိုရီးယား ၂၀၂၀ ခုနှစ်အတွင်း ပထမအကြိမ် ကူးစက်မှုလှိုင်းကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ယခုနောက်ဆုံး ကြုံတွေ့လာရတဲ့ နိုင်ငံရဲ့ အကြီးဆုံးကူးစက်မှုလှိုင်းကို ထိန်းချုပ်နိုင်ရေး ရုန်းကန်နေခဲ့ရပြီး နေ့အလိုက် ကူးစက်မှုအသစ် ၁,၀၀၀ ဝန်းကျင် တိုးလာနေခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က