လက်တစ်ဆုပ်စာမျှ ခွင့်ပြုကိစ္စကလွဲပြီး အိမ်မှာနေကြရမှာ ဖြစ်ပါတယ်။

COVID-19 ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် အင်္ဂလန်နဲ့ စကော့တလန်တို့မှာ တစ်နိုင်ငံလုံးကို lockdown ကြေညာထားပြီး လက်တစ်ဆုပ်စာမျှ ခွင့်ပြုကိစ္စကလွဲပြီး အိမ်မှာနေကြရမှာ ဖြစ်ပါတယ်။

(Photo: AP)

Lockdown အသစ်အရ အင်္ဂလန်၊ စကော့တလန်နဲ့ ဝေးလ်မှာရှိတဲ့ ကျောင်းအများစုကို ပိတ်ထားမှာဖြစ်ပြီး မြောက်အိုင်ယာလန်မှာတော့ အွန်လိုင်းစနစ်ဖြင့် သင်ကြားရမယ်လို့ ဆိုပါတယ်။ အင်္ဂလန်တစ်နိုင်ငံလုံးမှာ ထုတ်ပြန်လိုက်တဲ့ COVID-19 ကူးစက်မှုထိန်းချုပ်ရေး lockdown စည်းမျဥ်းတွေဟာ အနည်းဆုံး ဖေဖေါ်ဝါရီလလယ်ပိုင်းအထိ ကြာမြင့်မှာဖြစ်ပြီး စကော့တလန်မှာတော့ ဇန်နဝါရီလကုန်မှာ ပြန်လည်သုံးသပ်သွားမယ်လို့ သိရပါတယ်။



ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က လာမယ့် ရက်သတ္တပတ်တွေဟာ အခက်ခဲဆုံးဖြစ်မယ်လို့ သတိပေးခဲ့ပါတယ်။ ဗြိတိန်မှာ တနင်္လာနေ့ (ဇန်နဝါရီ ၄ ရက်) က ကူးစက်ခံရသူ ၅၈,၇၈၄ ဦးနဲ့ သေဆုံးသူဦးရေ ၄၀၇ ဦး တိုးလာခဲ့ပြီးနောက် ယခု lockdown သတ်မှတ်ချက်အသစ်များ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အင်္ဂလန်မှာ ဆေးရုံတွေဟာ COVID-19 ကြောင့် ဖိအာပိုများတဲ့ အခြေအနေ ကြုံနေကြရတယ်လို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

(Photo: Getty Images)

အင်္ဂလန်ပြည်သူတွေ အနေနဲ့ မရှိမဖြစ် ဆေးဝါး၊ အစားအစာ ဝယ်ယူခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အိမ်ကနေ မလုပ်နိုင်တဲ့ အလုပ်ကိစ္စကဲ့သို့ ကန့်သတ်ကင်းလွတ်ခွင့် ကိစ္စများအတွက်ကလွဲပြီး အိမ်ထဲမှာပင် နေထိုင်ကြရန် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ညွှန်ကြားလိုက်ပါတယ်။

ကျောင်းတွေနဲ့ ကောလိပ်တွေကို ကျောင်းသူ/သား အများစုအတွက် စာသင်နှစ်ဝက်အထိ အွန်လိုင်းကနေ သင်ကြားမှုစနစ် ပြောင်းလဲဆောင်ရွက်ရန်လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ အင်္ဂလန်မှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် တွေ့ရှိလာရမှုနဲ့အတူ ကူးစက်မှုတွေ လျင်မြန်စွာ မြင့်တက်လာနေခဲ့ပါတယ်။ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ၇၀ ရာခိုင်နှုန်း ပိုမိုကူးစက်နိုင်ကြောင်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ပြောထားပါတယ်။ 

Share

Loading Next Article...
က္က