မတ်စောက်တဲ့ လမ်းမတွေဟာ လျင်မြန်စွာ ရေစီးသန်တဲ့ မြစ်များသဖွယ် ရုတ်တရက် ရေကြီးမှုဖြစ်ပေါ်ခဲ့ပါတယ်။

ဘိုလီးဗီးယားနိုင်ငံမှ မြို့တစ်မြို့မှာ ရုတ်တရက် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး လူလေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Reuters)

နာရီဝက်ခန့်ကြာတဲ့ မိုးသက်လေပြင်းတစ်ခု အပြင်းအထန် တိုက်ခတ်ခဲ့ပြီးနောက် ဘိုလီးဗီးယားနိုင်ငံ ဆူခရီမြို့ရဲ့ မတ်စောက်တဲ့ လမ်းမတွေဟာ လျင်မြန်စွာ ရေစီးသန်တဲ့ မြစ်များသဖွယ် ရုတ်တရက် ရေကြီးမှုဖြစ်ပေါ်ခဲ့ပါတယ်။ လမ်းမများတစ်လျှောက် လျင်မြန်တဲ့ ရေစီးသန်မှုနဲ့အတူ ကားများ၊ ဘတ်စ်ကားများနဲ့ ဈေးဆိုင်များ မျောပါသွားခဲ့တယ်လို့ ဆိုပါတယ်။



ဆူခရီမြို့မှာ ရေကြီးမှု အဆိုးဆုံးကြုံခဲ့တဲ့နေရာဟာ မြို့ရဲ့ အကြီးဆုံး တောင်သူဈေးပတ်ဝန်းကျင်မှာဖြစ်ပြီး ထိုနေရာမှာ အမှိုက်များပိတ်ဆို့နေမှုကြောင့် ရေကြီးမှုကို ပိုမိုဆိုးရွားစေခဲ့ကြောင်း သိရပါတယ်။ မိုးရာသီကာလအတွင်း မြို့တာဝန်ရှိသူတွေက ရေမြောင်းများ ရေးစီးရေလာကောင်းစေရန် ပိုမိုပြုပြင်ထိန်းသိမ်းသင့်ကြောင်း ဆူခရီမြို့ခံတွေက ပြောဆိုခဲ့ကြပါတယ်။

(Photo: Reuters)

ဆူခရီမြို့ခံတွေဟာ ဇန်နဝါရီ ၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်မှာ မိုးသီးမုန်တိုင်း ကျရောက်ခဲ့မှုကြောင့် အံ့အားသင့်ခဲ့ကြရပါတယ်။ ဆူခရီမြို့ ရုတ်တရက် ရေကြီးမှုအတွင်း ကလေးသုံးဦးနဲ့ အရွယ်ရောက်ပြီးသူသုံးဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဘိုလီးဗီးယားပြည်ထဲရေးဝန်ကြီး Eduardo Castillo က ပြောပါတယ်။

မြို့ရဲ့လမ်းမတွေမှာ ရုတ်တရက် ရေကြီးမှုအတွင်း မော်တော်ယာဥ် ၁၀ စီးထက်မနည်း မျောပါသွားခဲ့တယ်လို့ ဆိုပါတယ်။ ရေကြီးမှုကြောင့် ဈေးသည်အများအပြားဟာ ၎င်းတို့ရဲ့ ရောင်းကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ကြရပြီး အချို့ကို ခန္ဓာကိုယ်အပူချိန် အလွန်အမင်းလျော့ကျမှုကြောင့် ဆေးရုံမှာ ကုသပေးခဲ့ရပါတယ်။

ဘိုလီးဗီးယားမှာ နိုဝင်ဘာလမှ မတ်လအထိ မိုးရာသီကာလအတွင်း ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်လေ့ရှိခဲ့ပါတယ်။ ဘိုလီးဗီးယားနဲ့ အိမ်နီးချင်း ပီရူးနိုင်ငံမှာလည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရုတ်တရက် ရေကြီးမှုအတွင်း မျောပါနစ်မြုပ်ခဲ့တဲ့ ကားအတွင်းမှ အမျိုးသားတစ်ဦးကို ကယ်ဆယ်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က