လူဦးရေ ၅၀,၀၀၀ နီးပါးကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
Ko John

မလေးရှားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာ မုတ်သုန်မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ကြောင်းနဲ့ လူဦးရေ ၅၀,၀၀၀ နီးပါးကို ရွှေ့ပြောင်းခဲ့ရကြောင်း အာဏာပိုင်တွေက ယနေ့ (ဇန်နဝါရီ ၈ ရက်) ပြောပါတယ်။

(Photo: AFP)

ယခု‌ ရေကြီးမှုဟာ ရာစုနှစ်ဝက်အတွင်း အဆိုးဆုံးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒေသခံတွေက ရေကြီးမှုအန္တရာယ်ကနေ ၎င်းတို့ကိုယ်တိုင် ကာကွယ်နေခဲ့ရကြောင်း ယခု သီတင်းပတ်အစောပိုင်းမှာ ပြောဆိုခဲ့ကြပြီးနောက် အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်များ စီစဥ်လုပ်ဆောင်လာခဲ့ပါတယ်။

ထိုဒေသမှာ ယနေ့အထိ မိုးသည်းထန်နေခဲ့ပြီး နေအိမ်စွန့်ခွာရွှေ့ပြောင်းရသူ ၄၇,၀၀၀ ကျော်ရှိခဲ့ပါတယ်။ "ကျွန်တော် အားလုံးဆုံးရှုံးသွားခဲ့တယ်၊ ကျွန်တော့်အိမ်ခေါင်မိုးပါ မြုပ်တဲ့အထိ ရေကြီးခဲ့တာ" လို့ အသက် ၅၉ နှစ်အရွယ် စက်ရုံအလုပ်သမား Tan Kong Leng က မျက်ရည်များဝဲလျက် AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: AFP)

မလေးရှားအရှေ့ဘက်ကမ်းရိုးတန်းမှာ မိုးရာသီကာလအတွင်း ရေကြီးမှုများ နှစ်စဥ် ဖြစ်ပေါ်လေ့ရှိပေမဲ့ ယခုနှစ်မှာ ကြုံတွေ့ရတဲ့ ရေကြီးမှုဟာ ဆယ်စုနှစ်များအတွင်း အဆိုးဆုံးဖြစ်ခဲ့ပါတယ်။ အရှေ့ဘက်ကမ်းရိုးတန်း ပြည်နယ်များကြား ဆက်သွယ်ထားတဲ့ ဒေသတွင်းရှိ အဓိက အဝေးပြေးလမ်းမကြီး အပါအဝင် လမ်းများကို ရေကြီးမှုကြောင့် ပိတ်ထားရပါတယ်။ ရေကြီးမှု အဆိုးဆုံးဖြစ်ပေါ်ခဲ့တဲ့ ပြည်နယ်ဟာ Pahang ဖြစ်ပြီး လူဦးရေ ၂၇,၀၀၀ ခန့်ကို ရွှေ့ပြောင်းခဲ့ရကြောင်း လူမှုဖူလုံရေးဌာနက ပြောပါတယ်။

(Photo: AFP)

Pahang ရှိ ကျေးရွာတစ်ရွာဟာ ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပြီး ရွာခံတွေကို ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၆ ရက်) က မြေတူးစက်တစ်စီးဖြင့် ရွှေ့ပြောင်းပေးခဲ့ရပြီး အခြား လူတွေကတော့ ရေကူးသွားလာခဲ့ရတယ်လို့ ဆိုပါတယ်။ ရေကြီးမှု အဆိုးဆုံးကြုံခဲ့ရတဲ့ Pahang ပြည်နယ်ရှိ ခရိုင်တစ်ခုမှ ဒေသခံတွေရဲ့ အဆိုအရ ကျဥ်းမြောင်းပြီး အမှိုက်များပြည့်နေတဲ့ ရေနုတ်မြောင်းတွေကြောင့် ရေကြီးမှု ဆိုးရွားစေခဲ့ကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က