ပထမ မြေပြိုမှုအပြီး ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ဆောင်နေစဥ် နောက်ထပ် မြေပြိုမှုဖြစ်ပွားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြေပြိုမှုနှစ်ခုအတွင်း အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ယနေ့ (ဇန်နဝါရီ ၁၀ ရက်) ပြောပါတယ်။

(Photo: Timur Matahari / AFP)

ဂျကာတာမြို့တော် အရှေ့တောင်ဘက် ၉၃ မိုင်အကွာ အနောက်ဂျာဗားရှိ Cihanjuang ကျေးရွာမှာ ယမန်နေ့ (ဇန်နဝါရီ ၉ ရက်) ညနေ ၄ နာရီနဲ့ည ၇ နာရီခွဲအချိန်မှာ မြေပြိုမှုနှစ်ခု ဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာန (National Disaster Mitigation Agency - BNPB) ရဲ့ ပြောခွင့်ရအမျိုးသား Raditya Jati က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



"ပထမ မြေပြိုမှုက မိုးသည်းထန်ပြီး မတည်ငြိမ်တဲ့ မြေသားအခြေအနေတွေကြောင့် ဖြစ်ပွားခဲ့ပါတယ်၊ နောက်ထပ် မြေပြိုမှုကတော့ တာဝန်ရှိသူတွေက ပထမ မြေပြိုမှုကနေ လူတွေကို ရွှေ့ပြောင်းနေစဥ်မှာ ထပ်ဖြစ်ခဲ့တာပါ" လို့ ၎င်းကဆိုပါတယ်။ ဒုတိယ မြေပြိုမှုအတွင်း ကယ်ဆယ်ရေးသမားတွေလည်း ပါသွားခဲ့ကြောင်း Raditya Jati က ဖြည့်စွက်ပြောပါတယ်။

(Photo: Reuters)

မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ယနေ့ မနက်ပိုင်းအထိ ကနဦး သိရှိရမှုအဖြစ်ဖြစ်ကြောင်းနဲ့ မိုးသည်းထန်မှုနဲ့ မိုးသက်မုန်တိုင်းကျမှု တစ်နေကုန် ဖြစ်ပေါ်နေနိုင်တာကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ နှောင့်နှေးနိုင်တယ်လို့ သိရပါတယ်။ မြေပြိုမှုကြောင့် တံတားတစ်စင်းနဲ့ လမ်းမချို့ ပိတ်ဆို့ခဲ့ပြီး အာဏာပိုင်တွေက စက်ယန္တရားကြီးများဖြင့် ရှင်းလင်းဖယ်ရှားရန် ကြိုးပမ်းနေခဲ့ရပါတယ်။

အင်ဒိုနီးရှားမှာ ကျွန်းပေါင်း ၁၇,၀၀၀ ရှိပြီး တောင်တန်းဒေသနဲ့ မြစ်များအနီး ရေကြီးမှုကြုံရနိုင် နေရာတွေမှာ လူဦးရေ သန်းနဲ့ချီ နေထိုင်လျက်ရှိပါတယ်။ လတ်တလော ရက်များအတွင်း မိုးသည်းထန်မှုနဲ့ ဒီရေမြင့်တက်မှုတွေကြောင့် နီးရှား နေရာအတော်များများမှာ ဒါဇင်နဲ့ချီတဲ့ မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေ အင်ဒိုဖြစ်ပွားခဲ့ပါတယ်။

(Photo: Reuters)

အင်ဒိုနီးရှားမှာ လာနီညာရာသီဥတုကြောင့် မိုးသည်းထန်ပြီး ရေကြီးမှုနဲ့ မြေပြိုမှုများ ဖြစ်ပေါ်နိုင်ပြီး နိုင်ငံရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သမ္မတဂျိူကိုဝီဒိုဒိုက ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း သတိပေးထားခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အထူးသဖြင့် မိုးရာသီကာလဖြစ်တဲ့ နိုဝင်ဘာမှ မတ်လအထိ ရေကြီးမှုနဲ့ မြေပြိုမှုများ မကြာခဏ ကြုံရလေ့ရှိပြီး သစ်တောပြုန်းတီးမှုကြောင့် ထိုအခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က