ဇူလိုင် ၃၀ ရက်မှာ ၁၂၇ ဦး တွေ့ရှိခဲ့ရမှုနောက်ပိုင်း နေ့အလိုက်ကူးစက်မှု အများဆုံးဖြစ်လာခဲ့ပါတယ်။
Ko John

COVID-19 စတင်တွေ့ရှိခဲ့တဲ့ တရုတ်ပြည်ပကြီးမှာ နေ့အလိုက် ကူးစက်မှုများ ငါးလကျော်အတွင်း အမြင့်ဆုံး ဖြစ်လာခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်တွေက ယနေ့ (ဇန်နဝါရီ ၁၁ ရက်) ပြောပါတယ်။

(Photo: Thomas Peter/Reuters)

တရုတ်နိုင်ငံ ဘေဂျင်းပတ်ဝန်းကျင် Hebei ပြည်နယ်မှာ ကူးစက်မှုအသစ်များ မြင့်တက်နေကြောင်း သိရပါတယ်။ တရုတ်အာဏာပိုင်တွေက လတ်တလောမှာ ကူးစက်မှုအသစ် တွေ့ရှိလာရတဲ့ နေရာတွေကို lockdown သတ်မှတ်ဆောင်ရွက်နေပါတယ်။ ယနေ့ (ဇန်နဝါရီ ၁၁ ရက်) လည်း နိုင်ငံအရှေ့မြောက်ပိုင်း Heilongjiang ပြည်နယ်ရှိ ခရိုင်တစ်ခုမှာ COVID-19 ကူးစက်ခံရမှုအချို့ တွေ့ရှိခဲ့ပြီးနောက် ထိုနေရာကို lockdown လုပ်ထားကြောင်း တရုတ်အစိုးရ ရုပ်မြင်သံကြားသတင်းက ပြောပါတယ်။

ယမန်နေ့ (ဇန်နဝါရီ ၁၀ ရက်) တွေ့ရှိရတဲ့ ပြည်တွင်းကူးစက်မှု ၈၅ ခုနက် ၈၂ ခုဟာ Hebei ပြည်နယ်မှဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် (National Health Commission - NHC) က ထုတ်ပြန်ပါတယ်။ ထို့အတူ Liaoning ပြည်နယ်မှာလည်း ပြည်တွင်းကူးစက်မှုနှစ်ခုနဲ့ ဘေဂျင်းမှာ ပြည်တွင်းကူးစက်မှုတစ်ခု တွေ့ရှိခဲ့ရကြောင်း ကော်မရှင်က ပြောပါတယ်။

(Photo: Reuters)

ပြည်ပမှကူးစက်မှု ၁၈ ခုကိုလည်း ယမန်နေ့က တွေ့ခဲ့ရကြောင်း NHC က ထုတ်ပြန်ပါတယ်။ ယမန်နေ့ ထုတ်ပြန်ချက်အရ တရုတ်ပြည်မကြီးမှာ ကူးစက်ခံရသူ ၁၀၃ ဦး တိုးလာခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်မှာ ၁၂၇ ဦး တွေ့ရှိခဲ့ရမှုနောက်ပိုင်း နေ့အလိုက်ကူးစက်မှု အများဆုံးဖြစ်လာခဲ့ပါတယ်။ ယနေ့အထိ ကူးစက်မှုအသစ်တွေ့ရှိရမှုဟာ ကိန်းဂဏန်းအနည်းငယ်သာရှိသေးပေမဲ့ တရုတ်အာဏာပိုင်တွေက ပြင်းထန်တင်းကျပ်တဲ့ lockdown စီမံဆောင်ရွက်မှုများ၊ COVID-19 စစ်ဆေးခြင်းများဖြင့် ကူးစက်မှုထိန်းချုပ်ရေး လုပ်ဆောင်နေပါတယ်။

တရုတ်မှာ ကူးစက်မှုဗဟိုချက်နေရာသစ် ဖြစ်လာတဲ့ Hebei ပြည်နယ်မြို့တော် Shijiazhuang မြို့ကို lockdown လုပ်ထားပြီး လူတွေနဲ့ ယာဥ်တွေကို မြို့ကနေထွက်ခွာခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။ Shijiazhuang မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးကိုလည်း ရပ်ဆိုင်းထားခဲ့ပါတယ်။

(Photo: Reuters)

Heilongjiang ပြည်နယ်ရှိ Wangkui ခရိုင်မှာလည်း ရောဂါလက္ခဏမပြတဲ့ ကူးစက်ခံရသူ ၈ ဦး တွေ့ရှိခဲ့ရပြီးနောက် ယနေ့မှစပြီး မရှိမဖြစ် မဟုတ်တဲ့ လုပ်ငန်းများအားလုံးကို ပိတ်ထားပြီး လူတွေကို မြို့ကနေထွက်ခွာခွင့် တားမြစ်ထားပါတယ်။ ထို့အတူ မလိုအပ်တဲ့ ယာဥ်အသွားအလာတွေကိုလည်း ပိတ်ပင်ထားကြောင်း သိရပါတယ်။ အဆိုပါခရိုင်မှာ မိသားစုတစ်ခုစီမှ လူတစ်ဦးသာ သုံးရက်လျှင်တစ်ကြိမ် လိုအပ်တဲ့ပစ္စည်းများဝယ်ယူရန် နေအိမ်မှ ထွက်ခွာခွင့်ပြုထားပါတယ်။

Hebei ပြည်နယ် အဝေပြေးလမ်းဆိုင်ရာ အာဏာပိုင်တွေက ယနေ့ ပြောကြားမှုအရ ပြည်နယ်အတွင်း အဝေးပြးလမ်းပိုင်းတွေကို COVID-19 တားဆီးကာကွယ်ရေးအတွက် ပိတ်ထားကြောင်းနဲ့ Shijiazhuang နဲ့ Xingtai မှာ မှတ်ပုံတင်ထားတဲ့ ယာဥ်တွေကို လှည့်ပြန်ခိုင်းကြောင်း သိရပါတယ်။ Hebei ပြည်နယ်အတွင်း Shijiazhuang အပြင် Xingtai မြို့မှာလည်း လတ်တလော ရက်ပိုင်းအတွင်း ကူးစက်မှုများ ရှိလာပါတယ်။ တရုတ်ပြည်မကြီးမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၈၇,၅၃၆ ဦးနဲ့ သေဆုံးသူ ၄,၆၃၄ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က