လက်နက်ကိုင် ဆန္ဒပြအုပ်စုတွေက ပြည်နယ် ၅၀ ရဲ့ လွှတ်တော်အဆောက်အအုံတွေနဲ့ ဝါရှင်တန်ဒီစီမှာ စုရုံးကြရန် စီစဥ်နေတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲအနိုင်ရတဲ့ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ အမေရိကန်တစ်ဝန်းမှာ လက်နက်ကိုင် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း FBI (Federal Bureau of Investigation) က သတိပေးလိုက်ပါတယ်။

(အမေရိကန်သမ္မတသစ်ဖြစ်လာမယ့် ဂျိုးဘိုင်ဒန်) (Photo: Reuters)

ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ဂျိုးဘိုင်ဒန်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားကို ပစ်မှတ်ထားပြီး လက်နက်ကိုင်အုပ်စုတွေက အမေရိကန်ပြည်နယ် ၅၀ လုံးရဲ့ မြို့တော်နဲ့ ဝါရှင်တန်ဒီစီမှာ စုရုံးကြရန် စီစဥ်နေကြောင်း သတင်းများရရှိထားတယ်လို့ ဆိုပါတယ်။



ရာထူးသက်တမ်းကုန်ဆုံးတော့မယ့် သမ္မတဒေါ်နယ်ထရန့်ကို ထောက်ခံသူတွေရဲ့ ဇန်နဝါရီ ၆ ရက်နေ့ လွှတ်တော်အဆောက်အအုံ စီးနင်းမှုအပြီးမှာ ၎င်းတို့ထံမှ နောက်ထပ် ဆူပူအကြမ်းဖက်မယ့် ခြိမ်းခြောက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ FBI က လက်နက်ကိုင် ဆန္ဒပြမှုနဲ့ ဆူပူအကြမ်းဖက်မှု ဖြစ်နိုင်ခြေရှိကြောင်းကို ယခုလာမယ့် သီတင်းပတ်ကုန်နဲ့ သမ္မတသစ် ကျမ်းသစ္စာကျန်ဆိုမှု အခမ်းအနားရက်အထိ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

(ရာထူးသက်တမ်းကုန်ဆုံးတော့မယ့် သမ္မတဒေါ်နယ်ထရန့်) (Photo: AFP)

အမေရိကန်မြို့တော်မှာ လုံခြုံရေးတိုးမြှင့် ပြင်ဆင်မှုအဖြစ် အမျိုးသားအစောင့်တပ်ဖွဲ့ကို ဝါရှင်တန်သို့ စစ်သား ၁၅,၀၀၀ စေလွှတ်ရန် ညွှန်ကြားထားပြီး ကမ္ဘာလှည့်ခရီးသည်များ ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင်သို့ လာရောက်လည်ပတ်ခွင့်ကို ဇန်နဝါရီ ၂၄ ရက်အထိ ပိတ်ပင်ထားပါတယ်။

National Guard Bureau ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီးဒန်နီရယ်ဟိုကင်ဆန်က သတင်းထောက်တွေကို ပြောကြားမှုအရ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကိစ္စများ အကူအညီပေးရန် ဝါရှင်တန်သို့ စစ်သား ၁၀,၀၀၀ ခန့် စနေနေ့ (ဇန်နဝါရီ ၁၆ ရက်) မှာ ရောက်ရှိနေမယ်လို့ သိရပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ တောင်းဆိုမှုအရ စစ်သားအရေအတွက်ဟာ ၁၅,၀၀၀ အထိ တိုးမြှင့်နိုင်ကြောင်းလည်း ၎င်းကဆိုပါတယ်။

(လွှတ်တော်အဆောက်အအုံကို လုံခြုံရေးတင်းကြပ်ထားမှု) (Photo: AFP)

အနည်းဆုံး လွှတ်တော်အမတ်တစ်ဦးက ပင်တဂွန်စစ်ဌာနချုပ်ကို ဝါရှင်တန်သို့ စစ်သား ၁၅,၀၀၀ စေလွှတ်ဖြန့်ကျက်ရန် အကြောင်းကြားခဲ့ပါတယ်။ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကတော့ အမေရိကန်လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ ကျမ်းသစ္စာကျိန်ဆိုရန် ကြောက်ရွံ့မှုမရှိကြောင်း သတင်းထောက်တွေကို ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်) မှာ ပြောခဲ့ပါတယ်။

လူသေဆုံးမှုရှိခဲ့တဲ့ ထရန့်လိုလားသူတွေရဲ့ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာလည်း ဂျိုးဘိုင်ဒန်နဲ့ ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ကမ်မလာဟာရစ်တို့က လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာပင် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနား ကျင်းပပြုလုပ်ရန်နိုင် မျှော်လင့်ထားဆဲဖြစ်ပါတယ်။

(ထရန့်လိုလားသူများ လွှတ်တော်အဆောက်အအုံမှာ ဆူပူအကြမ်းဖက်ခဲ့စဥ်) (Photo: AFP)

၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို အတည်ပြုရန် ဇန်နဝါရီ ၆ ရက်နေ့က ကွန်ဂရက်လွှတ်တော် အစည်းအ‌ဝေးကျင်းပစဥ် ထရန့်လိုလားသူတွေက လွှတ်တော်အဆောက်အအုံထဲသို့ ဆူပူအကြမ်းဖက် စီးနင်းဝင်ရောက်ခဲ့ကြပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။

လွှတ်တော်အဆောက်အအုံကို ၎င်းအားထောက်ခံသူတွေက ဆူပူအကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ရာထူးသက်တမ်း ရက်ပိုင်းမျှသာ ကျန်ရှိတောတဲ့ သမ္မတထရန့်ကို ဥပဒေအရ စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားရန် ဒီမိုကရက်တို့က အောက်လွှတ်တော် (House of Representative) မှာ စတင်လုပ်ဆောင်နေကြောင်း သိရပါတယ်။

.

Share

Loading Next Article...
က္က