မြေပြိုမှုဖြစ်ခဲ့တဲ့ ဒေသမှာ မိုးသည်းထန်နေတဲ့ ရာသီဥတုအခြေအနေကြောင့် ရှာဖွေကယ်ဆယ်ရေး နှောင့်နှေးခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုနှစ်ခုအတွင်း သေဆုံးသူ ၁၃ ဦးရှိလာကြောင်း တွေ့ရှိအတည်ပြုထားပြီး ပျောက်ဆုံးနေသူ ၂၆ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေက ယနေ့ (ဇန်နဝါရီ ၁၂ ရက်) ပြောပါတယ်။

(Photo: Reuters)

မြေပြိုမှုများကြောင့် ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။ ဂျကာတာမြို့တော် အရှေ့တောင်ဘက် ၉၃ မိုင်အကွာ အနောက်ဂျာဗားရှိ Cihanjuang ကျေးရွာမှာ ဇန်နဝါရီ ၉ ရက် ညနေ ၄ နာရီနဲ့ည ၇ နာရီခွဲအချိန်မှာ မြေပြိုမှုနှစ်ခု ဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာန (National Disaster Mitigation Agency - BNPB) ရဲ့ ပြောခွင့်ရအမျိုးသား Raditya Jati က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



မြေပြိုမှုအတွင်း သေဆုံးဒဏ်ရာရသူနဲ့ ပျောက်ဆုံးနေသူအချို့ဟာ ပထမ မြေပြိုမှုဖြစ်အပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေလို့ ဆိုပါတယ်။ "ပထမ မြေပြိုမှုက မိုးသည်းထန်ပြီး မတည်ငြိမ်တဲ့ မြေသားအခြေအနေတွေကြောင့် ဖြစ်ပွားခဲ့ပါတယ်၊ နောက်ထပ် မြေပြိုမှုကတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ပထမ မြေပြိုမှုကနေ လူတွေကို ရွှေ့ပြောင်းနေစဥ်မှာ ထပ်ဖြစ်ခဲ့တာပါ" လို့ ၎င်းကဆိုပါတယ်။

(Photo: AP)

ဒုတိယ မြေပြိုမှုအတွင်း ကယ်ဆယ်ရေးသမားတွေလည်း ပါသွားခဲ့ကြောင်း Raditya Jati က ဖြည့်စွက်ပြောပါတယ်။ မြေပြိုမှုဖြစ်ခဲ့တဲ့ နေရာဒေသမှာ မိုးသည်းထန်နေတဲ့ ရာသီဥတုအခြေအနေကြောင့် ရှာဖွေကယ်ဆယ်ရေး နှောင့်နှေးခဲ့ရပါတယ်။ အင်ဒိုနီးရှားမှာ ကျွန်းပေါင်း ၁၇,၀၀၀ ရှိပြီး တောင်တန်းဒေသနဲ့ မြစ်များအနီး ရေကြီးမှုကြုံရနိုင် နေရာတွေမှာ လူဦးရေ သန်းနဲ့ချီ နေထိုင်လျက်ရှိပါတယ်။

လတ်တလော ရက်များအတွင်း မိုးသည်းထန်မှုနဲ့ ဒီရေမြင့်တက်မှုတွေကြောင့် နီးရှား နေရာအတော်များများမှာ ဒါဇင်နဲ့ချီတဲ့ မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေ အင်ဒိုဖြစ်ပွားခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အထူးသဖြင့် မိုးရာသီကာလဖြစ်တဲ့ နိုဝင်ဘာမှ မတ်လအထိ ရေကြီးမှုနဲ့ မြေပြိုမှုများ မကြာခဏ ကြုံရလေ့ရှိပြီး သစ်တောပြုန်းတီးမှုကြောင့် ထိုအခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။

.


ဆက်စပ်အကြောင်းအရာများ



က္က