နိုင်ငံအ‌ရှေ့မြောက်ပိုင်းမှာ ခရီးသွားလာတဲ့ အရောင်းဝန်ထမ်းအမျိုးသားနဲ့ ဆက်နွယ်တဲ့ ကူးစက်မှုအသစ်များ တွေ့ခဲ့ရပါတယ်။
Ko John

တရုတ်မှာ နိုင်ငံအ‌ရှေ့မြောက်ပိုင်းမှာ ခရီးသွားလာတဲ့ အရောင်းဝန်ထမ်း အမျိုးသားတစ်ဦးနဲ့ ဆက်နွယ်နေတဲ့ COVID-19 ကူးစက်မှုတွေ မြင့်တက်ခဲ့ပြီးနောက် လူဦးရေ ၃ သန်းကို ယနေ့ (ဇန်နဝါရီ ၁၈ ရက်) lockdown သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

(Photo: VCG)

တရုတ်ဟာ COVID-19 ကူးစက်မှုတွေကို ကနဦးမှာ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာခဲ့ရာ lockdown သတ်မှတ်မှုများ၊ ခရီးသွားလာမှုကန့်သတ်ချက်များနဲ့ လူအစုအပြုံလိုက် ဗိုင်းရပ်စ်စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့ရပါတယ်။ ယနေ့မှာလည်း နိုင်ငံအရှေ့မြောက်ပိုင်း Jilin ပြည်နယ်ရှိ မြို့နှစ်မြို့မှ လူဦးရေ ၃ သန်းကို lockdown စီမံဆောင်ရွက်ချက်များ သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။



တရုတ်မှာ ယနေ့ထုတ်ပြန်ချက်အရ COVID-19 ကူးစက်ခံရသူ ၁၀၉ ဦး တိုးလာခဲ့ပါတယ်။ ယခုအခါ တရုတ်အရှေ့မြောက်ပိုင်းမှာ lockdown လုပ်ထားတဲ့ လူဦးရေ ၁၉ သန်းကျော်အထိရှိလာပြီး အချို့နေရာတွေမှာ သုံးရက်တစ်ကြိမ် ကုန်စုံပစ္စည်းဝယ်ယူရန် ခွင့်ပြုချက်လျှောက်ထားပြီးမှသာ နေအိမ်ပြင်ပသို့ ထွက်ခွာနိုင်တယ်လို့ ဆိုပါတယ်။

(Photo: AFP)

Jilinil ပြည်နယ်မှာ တွေ့ရှိရတဲ့ ကူးစက်မှုအသစ် ၁၀၀ ကျော်ဟာ ရောဂါလက္ခဏာမပြတဲ့ COVID-19 ကူးစက်ခံရသူ အရောင်းဝန်ထမ်း အမျိုးသားတစ်ဦးနဲ့ ဆက်နွယ်နေကြောင်း အာဏာပိုင်တွေက ခြေရာခံသိရှိခဲ့ပါတယ်။ ထိုအမျိုးသားဟာ ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ Jilin နဲ့ အိမ်နီးချင်း Heilongjiang ပြည်နယ်မှ ခရီးသွားတစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။

အရောင်းဝန်ထမ်း အမျိုးသားဟာ Jilin ပြည်နယ်ရှိ မြို့နှစ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရှိရပြီးနောက် ထိုမြို့တွေကို lockdown လုပ်ထားလိုက်တာလည်း ဖြစ်ပါတယ်။ ၎င်းဟာ သက်လတ်ပိုင်းနဲ့ အသက်ကြီးသူ မြို့ခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သူဖြစ်ကြောင်း ဒေသခံ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: AFP)

ယခုအခါ အာဏာပိုင်တွေက အလုပ်ရုံဆွေးနွေးပွဲ စီစဥ်ကျင်းပခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွေကို ၎င်းတို့ရဲ့လုပ်ငန်းတွေဟာ တရားဝင် စီးပွားရေးလှုပ်ရှားမှုဟုတ် မဟုတ် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ လတ်တလော COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ Hebei ပြည်နယ်ရှိ မြို့တွေကိုလည်း တရုတ်အာဏာပိုင်တွေက lockdown လုပ်ထားပါတယ်။ တရုတ်နိုင်ငံမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈၈,၃၃၆ ဦးနဲ့ သေဆုံးသူ ၄,၆၃၅ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က