ကျောင်းသူကျောင်းသားတွေက အိုင်ဒီကတ်သုံးပြီး စက်တွေကနေ ကိုဗစ်စစ်ကိရိယာကို အခမဲ့ရယူနိုင်ပါတယ်။
Ko John

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ် (University of California - UC) ရဲ့ စန်ဒီယေဂိုတက္ကသိုလ်နယ်မြေ (UC စန်ဒီယေဂို) မှာ ကျောင်းသူကျောင်းသားများအတွက် COVID-19 စစ်ဆေးမှု ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ စစ်ဆေးကိရိယာများရယူနိုင်ရန် စက်များတပ်ဆင်ထားပါတယ်။

(Photo: Reuters)



UC စန်ဒီယေဂိုမှာ ဇန်နဝါရီ ၂ ရက်နေ့မှစပြီး COVID-19 စစ်ဆေးကိရိယာရယူနိုင်တဲ့ စက်အလုံးရေ ၁၁ ခု တပ်ဆင်ထားခဲ့ပြီး လာမယ့် သီတင်းတစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း နောက်ထပ် ၉ လုံးကို တပ်ဆင်သွားမယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ ယခုကဲ့သို့ စစ်ဆေးကိရိယာရယူနိုင်တဲ့ စက်များတပ်ဆင်ထားရှိခြင်းဟာ ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ငွေအကြွေစေ့ထည့်ပြီး စားသောက်ဖွယ်ရာများ ဝယ်ယူနိုင်တဲ့စက်တွေကို နမူနာယူပြီး UC စန်ဒီယေဂိုမှာ အကောင်အထည်ဖော်ထားတဲ့စနစ်က ကျောင်းသူကျောင်းသားတွေကို COVID-19 စစ်ဆေးမှု ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ်သက်သာစေရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

(Photo: Reuters)

စန်ဒီယေဂိုတက္ကသိုလ်နယ်မြေမှာ နေထိုင်ကြတဲ့ ကျောင်းသူကျောင်းသား ၁၀,၀၀၀ သို့မဟုတ် စုစုပေါင်းအရေအတွက်ရဲ့ လေးပုံတစ်ပုံဟာ တစ်ပတ်လျှင်တစ်ကြိမ် ထိုစက်များမှ စစ်ဆေးကိရိယာများ ကိုယ်တိုင်ရယူပြီး COVID-19 စစ်ဆေးရန်လိုအပ်ပါတယ်။ ကျောင်းသူကျောင်းသားတွေဟာ စန်ဒီယေဂိုတက္ကသိုလ်နယ်မြေအတွင်း တပ်ဆင်ထားတဲ့ စက်တွေကနေ COVID-19 စစ်ဆေးကိရိယာတွေကို ၎င်းတို့ရဲ့ အိုင်ဒီကတ်သုံးပြီး အခမဲ့ရယူနိုင်ပါတယ်။

(Photo: UC San Diego/Facebook)

ထို့နောက် စစ်ဆေးကိရိယာဖြင့် ၎င်းတို့ရဲ့ နှာခေါင်းတို့ဖတ်ကို ကိုယ်တိုင်ရယူပြီး တက္ကသိုလ်နယ်မြေရှိ ဓာတ်ခွဲခန်းနှစ်ခုအနက်မှ တစ်ခုမှာ သွားရောက်အပ်နှံရပါတယ်။ ထိုဓာတ်ခွဲခန်းမှ စစ်ဆေးမှုအဖြေကို ၁၂ နာရီကနေ ၂၄ နာရီအတွင်း ပြန်လည်ရရှိနိုင်ကြောင်း UC စန်ဒီယေဂို အကြီးအကဲ Pradeep Khosla က Reuters သတင်းဌာနကို ရှင်းပြပါတယ်။

"ဒါက အံ့ဩစရာကောင်းတဲ့ ဆန်းသစ်တီထွင်မှုပဲ၊ ရိုရှင်းတယ်၊ ထိရောက်ပြီး အကျိုးရှိတယ်" လို့ ၎င်းကဆိုပါတယ်။ တက္ကသိုလ်နယ်မြေအတွင်း ထိုစက်များတပ်ဆင်ထားပြီးနောက်ပိုင်း COVID-19 စစ်ဆေးမှု တစ်ရက်လျှင် ထောင်နဲ့ချီရှိခဲ့တယ်လို့ ဆိုပါတယ်။ 

.


Author


က္က