ပါရီသဘောတူညီချက်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှာ အမေရိကန် ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက် (Paris Aggrement) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) မှာ အမေရိကန်နိုင်ငံ ပြန်လည်ပါဝင်မှုနဲ့အတူ အစိုးရအဖွဲ့သစ်ကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ စတင်သွားမယ်လို့ ၎င်းရဲ့လက်ထောက်တွေက ပြောပါတယ်။

(Photo: AP)

အမေရိကန်ရဲ့ ၄၆ ဦးမြောက် သမ္မတဖြစ်လာမယ့် ဘိုင်ဒန်က အမိန့်ညွှန်ကြားချက်နဲ့ အရေးယူဆောင်ရွက်မှု ၁၇ ခုကို သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီပိုင်းအတွင်း လက်မှတ်ရေးထိုးကာ သမ္မတဒေါ်နယ်ထရန့်ရဲ့ မူဝါဒတွေကို ပြောင်းလဲမှုစတင်သွားမယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတသစ်ဖြစ်လာမယ့် ဘိုင်ဒန်က လူဝင်မှုကြီးကြပ်ရေး၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနဲ့ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတို့မှာ လမ်းကြောင်းသစ်များချမှတ်ကာ ချဥ်းကပ်ဆောင်ရွက်သွားရန် စီစဥ်ထားကြောင်း ၎င်းတို့က ပြောပါတယ်။



အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံးသမ္မတဖြစ်လာမယ့် 'လူလတ်တန်းစားဂျိုး'

သမ္မတအဖြစ် ပထမဆုံးနေ့မှာပင် ဘိုင်ဒန်က ထရန့် ထုတ်ပြန်ထားခဲ့တဲ့ မွတ်စလင်မ်နိုင်ငံ အများစုအပါအဝင် နိုင်ငံများမှ ခရီးသည်ဝင်ရောက်မှု တားမြစ်ပိတ်ပင်မှုကို အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ ထို့အတူ ထရန့်ရဲ့ ညွှန်ကြားချက်ဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကို ပိတ်ပင်ရန် အမေရိကန်-မက္ကစီကို နယ်စပ်တစ်လျှောက် တံတိုင်းဆောက်လုပ်နေမှုကိုလည်း ဘိုင်ဒန်က ရပ်ဆိုင်းစေမယ်လို့ သိရပါတယ်။

(Photo: Reuters)

ဘိုင်ဒန်က COVID-19 ကူးစက်မှုထိန်းချုပ်ရန် ပြည်ထောင်စုအစိုးရ အဆောက်အအုံတွေထဲမှာ ဥပဒေအရ mask မဖြစ်မနေတပ်ရန် သတ်မှတ်ခြင်း၊ ထရန့်က ဖယ်ရှားခဲ့တဲ့ အဖိုးတန် သဘာဝဘေးမဲ့နေရာတွေကို ကာကွယ်ဆေးများ ပြန်လည်လုပ်ဆောင်ခြင်းနဲ့ COVID-19 ကပ်ရောဂါကြောင့် အပေါင်စာချုပ်များကို မရှင်းလင်းနိုင်ဘဲ နှင်ထုတ်ခံရမှုတွေ ရပ်တန့်ပြီး လူသန်းပေါင်းများစွာကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကိုလည်း နည်းလမ်းရှာသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံအတွင်း နေထိုင်လျက်ရှိတဲ့ စာရွက်စာတမ်းအထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချသူ သန်းနဲ့ချီပြီး နိုင်ငံသားဖြစ်ရန် အခွင့်အလမ်းရစေမယ့် လူဝင်မှုကြီးကြပ်ရေးမူဝါဒ မွမ်းမံပြင်ဆင်မှုဆိုင်ရာ ဥပဒေမူကြမ်းတစ်ရပ် ကွန်ဂရက်လွှတ်တော်သို့ တင်သွင်းသွားရန်လည်း ဘိုင်ဒန်က စီစဥ်ထားပါတယ်။

(Photo: EPA)

ဘိုင်ဒန်က နိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျန်းမာရေးနဲ့ စီးပွားရေး စိန်ခေါ်မှုတွေကို အလေးအနက် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်လိုကြောင်း ၎င်းရဲ့အဖွဲ့က ဆိုပါတယ်။ "ဘိုင်ဒန်က ထရန့်အစိုးရရဲ့ အပျက်အစီးတွေကို ပြန်ပြင်ဆင်မှုသာမက ကျွန်ုပ်တို့နိုင်ငံ ရှေ့ဆက်လှမ်းဖို့ကိုလည်း စတင်သွားမှာပါ" လို့ ၎င်းရဲ့လက်ထောက်တွေက ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

အမေရိကန်သမိုင်းရဲ့ ပထမဆုံး အမျိုးသမီးဒုတိယသမ္မတ ကမ်မလာဟာရစ်

ယခု လုပ်ဆောင်သွားမယ့် ဆောင်ရွက်မှုအများအပြားဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက် (ဘာရတ်အိုးဘားမားအစိုးရရဲ့ နောက်ဆုံးရက်နဲ့ ဒေါ်နယ်ထရန့် သမ္မတအဖြစ် ကျမ်းမကျိန်မီရက်) မှာရှိခဲ့တဲ့ အမေရိကန်အစိုးရ မူဝါဒများအတိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၂၀ ရက် ဒေသစံတော်ချိန် မွန်းမတည့်မီမှာ ဝါရှင်တန်ဒီစီမြို့တော်ရှိ အမေရိကန်လွှတ်တော်ရှေ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားနဲ့အတူ ဘိုင်ဒန်က သမ္မတရာထူးကို တရားဝင်လွှဲပြောင်းရယူပြီး အိမ်ဖြူတော်သို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

(Photo: Reuters)

ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် ၈ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်မယ်လို့လည်း သိရပါတယ်။ သမ္မတသစ်ဖြစ်လာမယ့် ဘိုင်ဒန်က ထရန့်အစိုးရရဲ့ မူဝါဒအတော်များများကို ပြောင်းလဲသွားရန်ရှိနေပြီး ၎င်းရဲ့ ပထမဆုံး ရက် ၁၀၀ ကို အမေရိကန်ပြည်သူတွေ မည်သို့ တုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။



က္က