ဗြိတိန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ယခုအခါ အခြား နိုင်ငံ ၅၀ သို့ ပျံ့နှံ့ရောက်ရှိသွားခဲ့ပါတယ်။

အစောပိုင်း သက်သေအထောက်အထားတွေအရ ဗြိတိန်မှာ တွေ့ရှိလာရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်က သေဆုံးမှုအန္တရာယ် ပိုမိုမြင့်မားနိုင်ကြောင်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပြောပါတယ်။

(Photo: NY Times)

COVID-19 ဖြစ်စေတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ယခင်ကတည်း ပိုမိုးကူးစက်မြန်ကြောင်း သိရှိထားခဲ့ပြီး ဗြိတိန်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကြီးမားတဲ့ ဖိအားသက်ရောက်မှု ဖြစ်စေခဲ့ကြောင်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ "လန်ဒန်မြို့နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းမှာ ပထမဆုံး တွေ့ရှိခဲ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်က သေဆုံးမှုနှုန်း ပိုမိုမြင့်မားခြင်းနဲ့ ဆက်စပ်နိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်ကို ကျွန်တော်တို့ ဒီနေ့ သိရှိရပါတယ်" လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။



နှိုင်းယှဥ်လေ့လာမှုအရ အသက် ၆၀ အရွယ် လူ ၁,၀၀၀ မှာ မူလကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး COVID-19 ဖြစ်ခဲ့ပါက ၎င်းတို့အနက်မှ ပျမ်းမျ ၁၀ ဦး သေဆုံးနိုင်ကြောင်းနဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရပါက ၁၃ ဦး သို့မဟုတ် ၁၄ ဦးသို့ သေဆုံးမှုနှုန်း မြင့်တက်သွားကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ရှင်းပြခဲ့ပါတယ်။

(Photo: Reuters)

"ကျွန်တော် အလေးထား သိစေချင်တာ ဒီကိန်းဂဏန်းတွေဟာ မသေချာမှုတွေ အများကြီးရှိပြီး ရှင်းလင်းတိကျတဲ့ အချက်အလက်အတွက် ကျွန်တော်တို့ ပိုမိုလေ့လာဖို့ လိုအပ်ပါတယ်၊ ဒါပေမဲ့ ဒီဗိုင်းရပ်စ်က သေဆုံးမှုနှုန်း မြင့်တက်လာခြင်းနဲ့ ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်လာခြင်းတို့က စိုးရိမ်စရာဖြစ်ပါတယ်" လို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို အင်္ဂလန်မှာ စတင်တွေ့ရှိခဲ့ရပြီးနောက် ယခုအခါ ထိုဗိုင်းရပ်စ်ဟာ အခြား နိုင်ငံ ၅၀ သို့ ပျံ့နှံ့ရောက်ရှိသွားခဲ့ကြောင်းလည်း သိရပါတယ်။ ဗြိတိန်မှာ ထိုးနှံပေးနေတဲ့ Pfizer-BioNTech နဲ့ Oxford-AstraZeneca ကာကွယ်ဆေးနှစ်မျိုးလုံးက ထိုဗိုင်းရပ်စ်အသစ်ကို ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

(Photo: WSJ)

ဗြိတိန်မှာ ယမန်နေ့အထိ အချက်အလက်တွေအရ လူဦးရေ ၅.၃၈ သန်းကို COVID-19 ကာကွယ်ဆေး ပထမကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၄၀၉,၈၅၅ ဦးကို ထိုးနှံပေးခဲ့ရာ စံချိန်တင် အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဗြိတိန်ဟာ ဥရောပဒေသတွင်းမှာ COVID-19 ကူးစက်မှုအများဆုံး နိုင်ငံတွေထဲမှာပါဝင်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃.၅၈ သန်း၊ သေဆုံးသူ ၉၅,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁.၆ သန်းရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က