တရုတ် ဗုံးကြဲလေယာဥ်နဲ့ တိုက်လေယာဥ်များ ပါဝင်ခဲ့ပါတယ်။
Ko John

တရုတ်စစ်လေယာဥ်တွေက မိမိတို့ လေပိုင်နက်ထဲသို့ ဒုတိယနေ့အဖြစ် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်က ပြောပါတယ်။

(တရုတ်ဗုံးကြဲလေယာဥ်နှင့် ထိုင်ဝမ်တိုက်လေယာဥ်ကို တွေ့ရစဥ်) (Photo: AFP)

ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) က တရုတ်စစ်လေယာဥ် ၁၅ စီး လေပိုင်နက် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်းနဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း အလားတူ ကျူးကျော်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်စစ်လေယာဥ်များ ထိုင်ဝမ်လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်မှုဟာ ထိုင်ဝမ်ကို အားပေးထောက်ခံတဲ့ အမေရိကန်မှာ သမ္မတသစ်ဂျိူးဘိုင်ဒန် စတင်တာဝန်ယူတဲ့ အချိန်ကာလနဲ့ တိုက်ဆိုက်နေခဲ့ပါတယ်။ လေ့လာဆန်းစစ်သူတွေကတော့ တရုတ်ရဲ့ အဆိုပါလုပ်ရပ်ဟာ အမေရိကန်သမ္မတဘိုင်ဒန်ရဲ့ အစိုးရသစ်က ထိုင်ဝမ်အပေါ် မည်မျှအတိုင်းအတာ အားပေးထောက်ခံကြောင်း စမ်းသပ်မှုတစ်ခုလို့ သုံးသပ်ကြပါတယ်။



(အမေရိကန် လေယာဥ်တင်စစ်သင်္ဘော USS Theodore Roosevelt) (Photo: Reuters)

တရုတ်စစ်လေယာဥ်များ ထိုင်ဝမ်လေပိုင်နက်ကို ကျူးကျော်ခဲ့မှုနဲ့အတူ တင်းမာမှုမြင့်တက်နေစဥ် အမေရိကန်က USS Theodore Roosevelt သင်္ဘော ဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စုကို တောင်တရုတ်ပင်လယ်ပြင်ထဲသို့ ဝင်ရောက်နေရာယူထားစေခဲ့ပါတယ်။ ထို့အတူ ထိုင်ဝမ်ကို အားပေးထောက်ခံကြောင်းကိုလည်း အမေရိကန်က အခိုင်အမာ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

တရုတ်ဘက်ကလည်း တောင်တရုတ်ပင်လယ်ပြင်အတွင်းသို့ အမေရိကန်က စစ်သင်္ဘောနဲ့ လေယာဥ်များ မကြာခဏ စေလွှတ်နေခြင်းဟာ ငြိမ်းချမ်းရေးအတွက် မကောင်းကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထိုင်ဝမ်လေပိုင်နက်အတွင်းသို့ တရုတ်ရဲ့ နျူကလီးယားလက်နက်သယ်ဆောင်နိုင်တဲ့ H-6K ဗုံးကြဲလေယာဥ် ၈ စီးနဲ့ J-16 တိုက်လေယာဥ် ၄ စီး ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

(Map: BBC)

ထို့အတူ ယမန်နေ့ကလည်း တရုတ်စစ်တပ်ရဲ့ တိုက်လေယာဥ် ၁၂ စီး၊ ရေငုပ်သင်္ဘောချေမှုန်းရေး လေယာဥ် ၂ စီးနဲ့ ကင်းထောက်လေယာဥ်တစ်စီးတို့ ၎င်းတို့ လေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်စစ်တပ်က ပြောပါတယ်။ တရုတ်စစ်လေယာဥ်များ လေပိုင်နက်ကျူးကျော်ခဲ့တဲ့ နှစ်ကြိမ်လုံးမှာ ထိုင်ဝမ်လေတပ်က နောက်ပြန်လှည့်ရန် သတိပေးခဲ့ပြီး စစ်လေယာဥ်တွေကို စောင့်ကြည့်ရန် လေကြောင်းရန်ကာကွယ်ရေးစနစ် အသင့်ပြင်ထားခဲ့ကြောင်း သိရပါတယ်။ တရုတ်စစ်လေယာဥ်တွေက ၂၀၂၀ ခုနှစ်အတွင်း အကြိမ်ပေါင်း ၃၈၀ အထိ လေပိုင်နက်ကျူးကျော်ခဲ့တယ်လို့ ထိုင်ဝမ်က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က