လယ်သမားတွေမှာ လမ်းလျှောက်ချီတက်ကြသူတွေရှိသလို လယ်ထွန်စက်များစီးလာကြသူတွေလည်း ပါဝင်ခဲ့ပါတယ်။
Ko John

အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေကို ကန့်ကွက်ဆန္ဒပြတဲ့ လယ်သမားထောင်နဲ့ချီပြီး နယူးဒေလီမြို့လယ်သို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာ ရဲတပ်ဖွဲ့ရဲ့ အတားအဆီးများနဲ့ မျက်ရည်ယိုဗုံးများကို ရင်ဆိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ထောင်နဲ့ချီတဲ့ လယ်သမားတွေဟာ လမ်းလျှောက်ချီတက်ကြသူတွေရှိသလို လယ်ထွန်စက်များစီးလာကြသူတွေလည်း ပါဝင်ခဲ့ပါတယ်။ နယူးဒေလီမြို့တော်သို့ ဆန္ဒပြ လယ်သမားများ စုရုံးချီတက်လာမှုဟာ မြို့လယ်မှာ ကျင်းပပြုလုပ်ရန် စီစဥ်ထားတဲ့ အိန္ဒိယရဲ့ Republic Day အခမ်းအနားနေ့နဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။ လယ်သမားအများအပြားက မူလသဘောတူညီထားတဲ့ လမ်းကြောင်းတွေကနေမဟုတ်ဘဲ လမ်းကြောင်းပြောင်း စုရုံးချီတက်ခဲ့ကြရာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။



(Photo: Getty Images)

အိန္ဒိယအစိုးရက ပြုပြင်ပြောင်းလဲမှုတွေဟာ စိုက်ပျိုးရေးကဏ္ဍကို လွတ်လပ်မှုဖြစ်စေမယ်လို့ ပြောခဲ့ပေမဲ့ လယ်သမားတွေကတော့ ၎င်းတို့အတွက် ဝင်ငွေဆုံးရှုံးလိမ့်မယ်လို့ ပြောဆိုကြပါတယ်။ ထောင်နဲ့ချီတဲ့ လယ်သမားအုပ်စုတွေက ပြီးခဲ့တဲ့ နိုဝင်ဘာလမှစပြီး နယူးဒေလီမြို့စွန်မှာ စခန်းချ ဆန္ဒပြနေခဲ့ကြကာ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဥပဒေတွေကို ဖျက်သိမ်းရန်တောင်းဆိုနေခဲ့ကြပါတယ်။ အစိုးရဘက်က ထိုဥပဒေများကို အတည်မပြုသေးဘဲ ဆိုင်းငံ့ထားမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကမ်းလှမ်းမှုကို လယ်သမားတွေက ပယ်ချခဲ့ကြပါတယ်။

(Photo: Reuters)

ထို့နောက် ဒေလီမြို့လယ်မှာ ကျင်းပပြုလုပ်တဲ့ Republic Day အခမ်းအနားကို အနှောင့်အယှက်မဖြစ်စေရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၂၆ ရက်) စုရုံးချီတက် ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က သဘောတူခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က လယ်သမားတွေကို နယူးဒေလီမြို့စွန် နေရာတွေမှာပဲ ကန့်သတ်ထားတဲ့ စုရုံးချီတက်ရန် လမ်းကြောင်းများ ခွင့်ပြုပေးခဲ့ပါတယ်။ လယ်သမားတွေက ထိုလမ်းကြောင်းများကနေ ပြောင်းလဲချီတက်ခဲ့ပြီး လွှတ်တော်သို့ ဦးတည်ခဲ့ကြရာမှ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ 


.


ဆက်စပ်အကြောင်းအရာများ


Author


က္က