တရုတ်က ပြည်ပသို့ mask တင်ပို့ရောင်းချမှုတစ်ခုတည်းက တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၂.၆ ဘီလီယံရှိခဲ့ပါတယ်။
Ko John

COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့အတူ ကမ္ဘာတစ်ဝန်း mask များ ဝယ်လိုအား တစ်ဟုန်ထိုး မြင့်တက်လာခဲ့ရာ တရုတ်နိုင်ငံက ၂၀၂၀ ခုနှစ်အတွင်း mask အရေအတွက် ၂၂၀ ဘီလီယံ ပြည်ပတင်ပို့ရောင်းချခဲ့ရကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၂၉ ရက်) ပြောပါတယ်။

(Photo: AFP)

၂၀၂၀ မှာ တရုတ်က mask တင်ပို့ရောင်းချရမှု ပမာဏဟာ တရုတ်ပြည်မကြီးပြင်ပ လူတစ်ဦးလျှင် mask အရေအတွက် ၄၀ နီးပါတဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ COVID-19 ကြောင့် စီးပွားရေးတုံ့ဆိုင်းခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် အစောပိုင်းကာလတွေမှာ တရုတ်စီးပွားရေး ပြန်လည်တိုးတက်လာမှုဟာ ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ mask များ တင်ပို့ရောင်းချရမှုကလည်း အဓိက အခန်းကဏ္ဍဖြစ်ခဲ့ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Qian Keming က ယနေ့ ပြောကြားမှုအရ mask များအပြင် ကာကွယ်ရေးဝတ်စုံ ၂.၃ ဘီလီယံနဲ့ ကိုရိုနာဗိုင်းရပ်စ်စစ်ကိရိယာ ၁ ဘီလီယံကိုလည်း ယမန်နှစ်အတွင်း ပြည်ပတင်ပို့ရောင်းချခဲ့ရကြောင်း သိရပါတယ်။



(Photo: Bernama)

တရုတ်နိုင်ငံထုတ် mask များ၊ ကာကွယ်ရေးဝတ်စုံများနဲ့ ဗိုင်းရပ်စ်စစ်ကိရိယာများက ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှာ အရေးပါတဲ့ အထောက်အပံ့ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း တရုတ်က ပြည်ပနိုင်ငံများသို့ mask တင်ပို့ရောင်းချမှုတစ်ခုတည်းဟာ တန်ဖိုးအားဖြင့် ယွမ်ငွေ ၃၄၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၂.၆ ဘီလီယံ) ရှိကြောင်း ယခုလအစောပိုင်းမှာ အကောက်ခွန်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ဆီက mask တင်ပို့မှုပမာဏက တရုတ်ပြင်ပမှာ လူတစ်ဦးလျှင် mask အရေအတွက် ၄၀ နီးပါးနဲ့ညီမျှပါတယ်" လို့ အကောက်ခွန်ဌာန ပြောခွင့်ရအမျိုးသား Li Kuiwen က ဆိုပါတယ်။ တရုတ်ဟာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက COVID-19 စတင်တွေ့ခဲ့ရတဲ့ နိုင်ငံဖြစ်ပေမဲ့ တင်းကြပ်တဲ့ lockdown လုပ်မှုတွေနဲ့ ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်မှုတွေကြောင့် ပထမဆုံး စီးပွားရေးပြန်ကောင်းလာတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က