ကျောက်ကပ်နဲ့ ဆီးချိုရောဂါရှိသူ အမျိုးသမီးကြီးတစ်ဦး ဖြစ်ပါတယ်။

ထိုင်ဝမ်မှာ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) ထုတ်ပြန်မှုအရ မေလနောက်ပိုင်း COVID-19 ကြောင့် ပထမဆုံး သေဆုံးမှုရှိလာခဲ့တယ်လို့ သိရပါတယ်။

(Photo: Ann Wang/Reuters)

ထိုင်ဝမ်မှာ လတ်တလော သီတင်းပတ်များအတွင်း COVID-19 ပြည်တွင်းကူးစက်မှုအချို့ ပြန်တွေ့လာရပြီး ကူးစက်မှုထိန်းချုပ်ရေး ဆောင်ရွက်နေရပါတယ်။ နဂိုရောဂါအခံရှိသူ အသက် ၈၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ဆေးရုံတစ်ရုံနဲ့ ဆက်နွယ်နေတဲ့ ပြည်တွင်းကူးစက်မှု အစုအဝေးမှာ ပါဝင်ခဲ့သူဖြစ်ကြောင်း ထိုင်ဝမ်းကျန်းမာရေးဝန်ကြီး Chen Shih-chung က ပြောပါတယ်။



ထိုင်ဝမ်ဟာ COVID-19 ကူးစက်ဖြစ်ပွားမှုကို စောလျင်စွာနဲ့ ထိရောက်စွာထိန်းချုပ်ရေး ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၉၀၉ ဦးရှိခဲ့ပါတယ်။ ထိုင်ဝမ်မှာ ယခုလအစောပိုင်းမှစပြီး ကူးစက်ခံရသူ ၁၉ ဦး တိုးလာခဲ့ရာ မြောက်ပိုင်းဒေသရှိ Taoyuan မြို့ရှိ ဆေးရုံတစ်ရုံနဲ့ ဆက်နွယ်နေခဲ့ပါတယ်။

(Photo: Chiang Ying-ying/AP)

ထိုဆေးရုံရဲ့ ကူးစက်မှုအစုအဝေးကနေ နောက်ထပ် ကူးစက်ခံရသူလေးဦး ထပ်မံတွေ့ရှိရကြောင်းနဲ့ သေဆုံးသူတစ်ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Chen က ယနေ့ ပြောခဲ့ပါတယ်။ ထိုင်ဝမ်မှာ လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူ ၈ ဦးရှိလာခဲ့ပါတယ်။ ၈ လအတွင်း ပထမဆုံး သေဆုံးမှုဖြစ်တဲ့ အမျိုးသမီးကြီးဟာ ကျောက်ကပ်နဲ့ ဆီးချိုရောဂါရှိသူဖြစ်ပြီး ယမန်နေ့ (ဇန်နဝါရီ ၂၉ ရက်) နှောင်းပိုင်းမှာ ကိုယ်အပူချိန်မြင့်တက်မှု အပါအဝင် ရောဂါလက္ခဏာများဖြင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် အဆိုပါ အမျိုးသမီးကြီးထံမှာ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ Chen က ဆိုပါတယ်။ COVID-19 ကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးကြီးဟာ ကူးစက်မှုအစုအဝေးတွေ့ရတဲ့ ဆေးရုံမှာ သူနာပြုအဖြစ် အလုပ်လုပ်ကိုင်သူနဲ့ အိမ်ထောင်စုတစ်ခုတည်းမှာ အတူနေထိုင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Ann Wang/Reuters)

ထိုင်ဝမ်ဟာ ကမ္ဘာတစ်ဝန်း အခြားနိုင်ငံအများအပြားနဲ့ နှိုင်းယှဥ်ပါက COVID-19 ကူးစက်ဖြစ်ပွားမှု နည်းပါးနေဆဲဖြစ်ပြီး လက်ရှိ ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ အတည်ပြုလူနာ ၇၈ ဦးရှိပါတယ်။ ထိုင်ဝမ်မှာ COVID-19 လူနာအရေအတွက် အနည်းအကျဥ်းသာရှိတာကြောင့် အစိုးရက လူနာတစ်ဦးချင်းစီရဲ့ အသေးစိတ် အချက်အလက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ကြေညာပြောကြားလေ့ရှိကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က