ထိုင်းကုမ္ပဏီ Amata က ရန်ကုန်မြို့ပြင်မှာ စက်မှုဇုန်နေရာ အကောင်အထည်ဖော် တည်ဆောက်နေပါတယ်။

ထိုင်းနိုင်ငံမှ အကြီးဆုံး စက်မှုဇုန်အကောင်အထည်ဖော်ရေးကုမ္ပဏီက မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ စီမံကိန်းကို ဆိုင်းငံထားလိုက်ကြောင်း သိရပါတယ်။

(Photo: ဆူးနစ် - NPT)

တပ်မတော်က အာဏာသိမ်းမှုနဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံမှ ထွက်ခွာသွားနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေအရ ထိုင်းကုမ္ပဏီက စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းကို ဆိုင်းငံ့လိုက်တာလည်း ဖြစ်ပါတယ်။ ထိုင်းကုမ္ပဏီ Amata က ရန်ကုန်မြို့ပြင်မှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ်တစ်ခု အပါအဝင် ဧက ၂,၀၀၀ ရှိ စက်မှုဇုန်နေရာတည်ဆောက်ရေး စီမံကိန်းကို ယမန်နှစ် ဒီဇင်ဘာလအတွင်း စတင်ခဲ့ပါတယ်။



သို့သော် မြန်မာရဲ့ လက်ရှိ အခြေအနေတွေအရ စီမံကိန်းကို ဆိုင်းငံ့ထားမယ်လို့ Amata ဈေးကွက်ဆိုင်ရာ တာဝန်ရှိသူ Viboon Kromadit က သတင်းထောက်တွေကို ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ ပြောခဲ့ပါတယ်။ Amata က စက်မှုဇုန်တည်ဆောက်ရေးစီမံကိန်းကို ဆိုင်းငံ့လိုက်ခြင်းဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်မြင့်နဲ့ အခြား အရပ်သားအစိုးရခေါင်းဆောင်တွေကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းမှုရဲ့ အကျိုးသက်ရောက်မှု လက္ခဏာတစ်ခုဖြစ်ကြောင်း Nikkei Asia သတင်းက ဖော်ပြပါတယ်။

(Photo: Amata)

"ကျွန်တော်တို့နဲ့ ကျွန်တော်တို့ကို လုပ်ငန်းအပ်သူတွေက အနောက်နိုင်ငံတွေကက ကုန်သွယ်ရေးသပိတ်မှောက်မှု ဖြစ်နိုင်ခြေရှိတာကို စိုးရိမ်ကြပါတယ်၊ ဒါက အများကြီးဖြစ်နိုင်ပါတယ်၊ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပကနေပေါ့၊ ပြီးတော့ ဒီလိုဖြစ်လာရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဆိုးရွားစွာ ထိခိုက်လာမှာ အသေအချာပါပဲ" လို့ Viboon Kromadit က ပြောခဲ့ပါတယ်။ Amata အနေနဲ့ ရွေးချယ်စရာမရှိခဲ့ကြောင်း၊ သို့သော် အခြေအနေကို စောင့်ကြည့်သွားရမယ်လို့လည်း Viboon Kromadit က ဆိုပါတယ်။

"ကိုဗစ်ကြောင့် ကျွန်တော်တို့ကို အလွန်ထိခိုက်ခဲ့ပါတယ်၊ အခု အာဏာသိမ်းမှုက အခြေအနေကို ပိုဆိုးစေခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေ စောင့်ကြည့်ရဖို့ ဖြစ်လာစေပါတယ်၊ ကျွန်တော်တို့ မြေရာအကောင်အထည်ဖော်သူ အနေနဲ့လည်း စောင့်ကြည့်ရမှာပဲ" လို့ ၎င်းက ပြောပါတယ်။ Amata က အကောင်အထည်ဖော်နေတဲ့ စက်မှုဇုန်မှာ ဂျပန်ကုမ္ပဏီ အများစုပါဝင်တဲ့ ကုမ္ပဏီ ၂၀ ဝန်းကျင်က စက်ရုံများအခြေစိုက်ရန် နေရာဝယ်ယူရေး ဆွေးနွေးနေကြောင်းလည်း သိရပါတယ်။ စက်မှုဇုန်တည်ဆောက်ရေး ပထမအဆင့်မှာ အမေရိကန်ဒေါ်လာ ၄.၇ သန်း သုံးထားခဲ့ပြီးဖြစ်ကြောင်း Amata က ပြောခဲ့ပါတယ်။

(Photo: Hiroshi Kotani)

တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက် Amata ကဲ့သို့ပင် ဂျပန်နိုင်ငံမှ Suzuki Motor Corp. ကလည်း မြန်မာနိုင်ငံရှိ ၎င်းရဲ့စက်ရုံနှစ်ရုံမှာ ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။ Suzuki က အလုပ်သမား ၄၀၀ ရှိတဲ့ ရန်ကုန်မြို့မှ ၎င်းရဲ့စက်ရုံတွေကို တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၁ ရက်) မွန်းလွဲပိုင်းမှာ ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံရှိ စက်ရုံတွေကို မည်သည့်အချိန်မှာ ထုတ်လုပ်မှုပြန်လည်စတင်ရန် မဆုံးဖြတ်ရသေးကြောင်းလည်း Suzuki က ဆိုပါတယ်။ Suzuki ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ကားအရောင်းဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်းရှိထားပြီး ၂၀၁၉ ခုနှစ်အတွင်း ကားအစီးရေ ၁၃,၃၀၀ ထုတ်လုပ်ခဲ့ပြီး ၁၃,၂၀၀ စီး ရောင်းချခဲ့ရကြောင်း ဂျပန်သတင်းဌာန Koydo က ဖော်ပြထားပါတယ်။



က္က