ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Kirin Holdings က မြန်မာနို်ငံမှာ ပြုလုပ်နေတဲ့ ပူးတွဲလုပ်ဆောင်နေတဲ့လုပ်ငန်းနှစ်ခုကို ရပ်ဆဲလိုက်ပြီလို့ ကြေညာလိုက်ကြောင်း Nikkei Asia သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Kirin Holdings က စစ်အာဏာသိမ်းမှုကို ရှုံ့ချကြောင်း ယခုတစ်ပတ်အစောပိုင်းမှာ ပြောဆိုခဲ့ပြီးတဲ့နောက် မြန်မာနို်ငံမှာ ပြုလုပ်နေတဲ့ ပူးတွဲလုပ်ဆောင်နေတဲ့လုပ်ငန်းနှစ်ခုကို ရပ်ဆဲလိုက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့လုပ်ဆောင်မှုက ကျွန်ုပ်တို့ရဲ့ စံနှုန်းများနဲ့ လူ့အခွင့်အရေးမူဝါဒကို ဆန့်ကျင်နေတယ်လို့ Kirin က ဒီကနေ့ (ဖေဖော်ဝါရီလ ၅ ရက်)မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ "မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမီတက် (MEHL)နဲ့ ပူးပေါင်းလုပ်ဆောင်နေသော လုပ်ငန်းအား ရပ်တန့်လိုက်ဖို့ကလွဲလို့ ကျွန်ုပ်တို့မှာ တခြားရွေးချယ်စရာမရှိပါ။ ဒီလုပ်ငန်းရပ်ဆဲမှု သက်ရောက်ဖို့အတွက် အမြန်ဆုံးလုပ်ဆောင်သွားပါမယ်" လို့ အဆိုပါထုတ်ပြန်ချက်မှာ ပါရှိပါတယ်။



Myanmar Brewery နဲ့ Mandalay Brewery ကုမ္ပဏီတို့မှာ ဂျပန် Kirin ကုမ္ပဏီက ရှယ်ယာအများအပြားပိုင်ဆိုင်ထားပြီး MEHL ကို ပူးတွဲပိုင်ဆိုင်ထားပါတယ်။ "ဒီမိုကရေစီအသွင်ကူးပြောင်းချိန်မှာ အရေးပါတဲ့ ပြည်သူလူထုနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ကျွန်ုပ်တို့ရဲ့လုပ်ငန်းကတစ်ဆင့် အထောက်အကူပြုနိုင်ဖို့ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်" လို့ Kirin က ဆိုပါတယ်။



က္က