လက်ရှိနဲ့ အငြိမ်းစား တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးနဲ့ လုပ်ငန်းသုံးခု ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံရတဲ့ အရပ်သားအစိုးရထံမှ တပ်မတော်အာဏာသိမ်းမှုကို တုံ့ပြန်မှုအဖြစ် အမေရိကန်အစိုးရက လက်ရှိနဲ့ အငြိမ်းစား တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးနဲ့ တပ်မတော်က ပိုင်ဆိုင်တဲ့ သို့မဟုတ် ထိန်းချုပ်ထားတဲ့ ကျောက်မျက်နဲ့ ကျောက်စိမ်းကုမ္ပဏီသုံးခုကို ပိတ်ဆို့အရေးယူက်ကြောင်း ဖေဖေါ်ဝါရီ ၁၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

(Photo: Tatmadaw Information Team)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေးနဲ့ တရားဥပဒေစိုးမိုးရေး ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝန်း မိတ်ဖက်နိုင်ငံတွေနဲ့အတူ အားပေးကူညီသွားမယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ထို့အတူ တပ်မတော်က ဖမ်ဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့် အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေကို ချက်ချင်းလွှတ်ပေးရန် ဖိအားပေးရန် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။



ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းနဲ့ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်စော်ကားလိုက်ခြင်းဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်ရဲ့ ပြောကြားမှုကို ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Jenet L. Yellen က ထုတ်ပြန်ချက်မှာ ကိုးကားဖော်ပြခဲ့ပါတယ်။

(Photo: Reuters)

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် ၎င်းတို့ရဲ့ ကြိုးပမ်းအားထုတ်မှုမှာ မိမိတို့ ကူညီရမယ့်အရာကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒါ့အပြင် မြန်မာတပ်မတော်က လမ်းကြောင်းမပြောင်းလျှင် နောက်ထပ် အရေးယူပိတ်ဆို့မှုတွေ လုပ်ဆာင်ရန်လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

တပ်မတော်အာဏာသိမ်းမှုကို တုံ့ပြန်ဆောင်ရွက်မှုအဖြစ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပထမအသုတ်အဖြစ် လက်ရှိနဲ့ အငြိမ်းစား တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးရဲ့ အမေရိကန်ရှိ ပိုင်ဆိုင်မှုတွေကို ရယူနိုင်ခြင်းမရှိစေရန် ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။

(Photo: Kyaw Zin Mann/Win Lwin)

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၂ ရက်နေ့မှစပြီး ညစဥ် ၈ နာရီအချိန် မြို့ကြီးမြို့ငယ်တွေမှာ သံပုံးတီးပြီး ကန့်ကွက်ဆန္ဒပြမှု၊ ဖေဖေါ်ဝါရီ ၆ ရက်နေ့မှစပြီး လူဦးရေသိန်းနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပါတယ်။ ဒါ့အပြင် ဌာနပေါင်းစုံမှ အစိုးရဝန်ထမ်း အများအပြားကလည်း လမ်းပေါ်ထွက် ဆန္ဒပြမှုတွေမှာ ပါဝင်လာကြသလို အလုပ်မဆင်းဘဲ အမိန့်ဖီဆန်တဲ့ CDM လှုပ်ရှားမှုလည်း ပါဝင်နေကြကြောင်း သိရပါတယ်။

အမေရိကန်က အရေးယူပိတ်ဆို့လိုက်တဲ့ လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းစာရင်း

လူပုဂ္ဂိုလ်များ

၁။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

၂။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

၃။ ဒုတိယသမ္မတနဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေ

၄။ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း

၅။ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်

၆။ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်

၇။ ဗိုလ်ချုပ်ကြီးမြထွန်းဦး

၈။ ဗိုလ်ချုပ်ကြီးတင်အောင်စန်း

၉။ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး

၁၀။ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး

ကျောက်မျက်နဲ့ ကျောက်စိမ်းကုမ္ပဏီများ

၁။ Myanmar Ruby Enterprise

၂။ Myanmar Imperial Jade Co., LTD.

၃။ Cancri (Gems and Jewellery) Co., LTD.



က္က