မျိုးဗီဇပြောင်း ဗိုင်းရပ်စ်အသစ် ကူးစက်မှုကို ကွာရန်တင်းဝင်နေသူတစ်ဦးထံ ပထမဆုံးတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
Ko John

ထိုင်းနိုင်ငံမှာ ပိုမိုကူးစက်လွယ်တဲ့ တောင်အာဖရိက မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၁၄၃ ဦး စစ်ဆေးတွေ့ရှိရကြောင်း ယနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) ထုတ်ပြန်ချက်အရ သိရပါတယ်။

(Photo: Reuters)

ထိုင်းမှာ COVID-19 ဖြစ်စေတဲ့ တောင်အာဖရိက မျိုးဗီဇပြောင်း ဗိုင်းရပ်စ်အသစ် ကူးစက်မှုကို ကွာရန်တင်းဝင်နေသူတစ်ဦးထံ ပထမဆုံးတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေက ယနေ့ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၂၄,၇၁၄ ဦးနဲ့ သေဆုံးသူ ၈၂ ဦးရှိလာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ တောင်အာဖရိက မျိုးဗီဇပြောင်း ဗိုင်းရပ်စ်အသစ် ပထမဆုံး ကူးစက်ခံရသူဟာ တန်ဇန်းနီးယားနိုင်ငံမှ ပြန်လာခဲ့တဲ့ အမျိုးသားတစ်ဦး ဖြစ်ပါတယ်။



(Photo: Reuters)

COVID-19 ထိန်းချုပ်ရေးစည်းမျဥ်းအရ ပြည်ပမှပြန်ရောက်လာတဲ့ ထိုအမျိုးသား ကွာရန်တင်းဝင်နေရစဥ် ၎င်းကို စစ်ဆေးခဲ့ရာမှ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း သိရှိခဲ့ရတာ ဖြစ်ပါတယ်။ တောင်အာဖရိက သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ၎င်းတို့နိုင်ငံမှာ တွေ့လာရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ရောဂါပိုမိုပြင်းထန်မှု သို့မဟုတ် ပိုမိုဆိုးရွားတဲ့ သက်ရောက်မှုများ ဖြစ်စေကြောင်း ရှင်းလင်းတိကျတဲ့ အထောက်အထားမရှိပေမဲ့ ပိုမိုကူးစက်မြန်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က