ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးကို ကိုင်တွယ်ဆောင်ရွက်မှုအပေါ် အတိုက်အခံအမတ်တွေက အပြင်းအထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ထိုင်းဝန်ကြီး ပရာယွတ်ချန်အိုချာဟာ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ နိုင်ငံစီးပွားရေးနဲ့ ပတ်သက်ပြီး ၎င်းရဲ့ကိုင်တွယ်ဆောင်ရွက်မှုအပေါ် အတိုက်အခံ လွှတ်တော်အမတ်တွေရဲ့ အပြင်းအထန် ဝေဖန်ပြောဆိုမှုကို ယနေ့ (ဖေဖေါ်ဝါရီ ၁၆ ရက်) ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: MediaCorp/CNA)

ထိုင်းစီးပွားရေးဟာ COVID-19 ကပ်ရောဂါဂယက်ကြောင့် ၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုးဆုံး ကျဆင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ၎င်းနုတ်ထွက်ရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှုတွေ တစ်ကျော့ပြန် ပေါ်ပေါက်လာစဥ် အတိုက်အခံအမတ်တွေရဲ့ အပြင်းအထန် ဝေဖန်ပြောဆိုမှုတွေ ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။



ဝန်ကြီးချုပ်ပရာယွတ်အပေါ် အယုံအကြည်မရှိကြောင်းအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ လေးရက်ကြာ အချေအတင်ဆွေးနွေးမှု စတင်ခဲ့တဲ့ ယနေ့မှာ အတိုက်အခံဘက်က ၎င်းကို ဝေဖန်တိုက်ခိုက် ပြောဆိုခဲ့ကြပါတယ်။ ပရာယွတ်အစိုးရရဲ့ ကံကြမ္မာကို လွှတ်တော်အမတ်တွေက လာမယ့် စနေနေ့ (ဖေဖေါ်ဝါရီ ၂၀ ရက်) မှာ မဲခွဲဆုံးဖြတ်မယ်လို့ သိရပါတယ်။

(Photo: AFP)

သို့သော် ၂၀၁၄ ခုနှစ်မှာ စစ်အာဏာသိမ်းမှုနဲ့အတူ အာဏာရလာခဲ့တဲ့ ဝန်ကြီးချုပ်ပရာယွတ်ဟာ ၎င်းကို အယုံအကြည်မရှိကြောင်းအဆို မဲခွဲဆုံးဖြတ်မှုကနေ လွတ်မြောက်မယ်လို့ ခန့်မှန်းရပါတယ်။ လွှတ်တော်မှာ အချေအတင်ဆွေးနွေးမှုဟာ ပရာယွတ်ရဲ့ပါတီတွင်း ရုန်းကန်ရမှုတွေအရဲ့အစ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ "သူ့အစိုးရက နိုင်ငံရဲ့အနာဂတ်နဲ့ ပြည်သူလူထုရဲ့အိပ်မက်တွေကို ဖျက်ဆီးတဲ့ ကပ်ပါးကောင် အစိုးရတစ်ရပ်ပဲ ဖြစ်နိုင်တယ်" လို့ အတိုက်အခံ Pheu Thai ပါတီ အကြီးအကဲ Sompong Amornvivat က အချေအတင်ဆွေးနွေးမှုအတွင်း လွှတ်တော်ကို ပြောခဲ့ပါတယ်။

(Photo: AFP)

ပရာယွတ်အပေါ် အယုံအကြည်မရှိကြောင်းအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အချေအတင်ဆွေးနွေးမှုကို ရုပ်မြင်သံကြားမှတစ်ဆင့် တစ်နိုင်ငံလုံးကို ထုတ်လွှင့်ခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ယမန်နှစ် နှစ်လယ်ပိုင်းကတည်းက ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်းမှာလည်း လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့ပြီး ဝန်ကြီးချုပ်ပရာယွတ် နုတ်ထွက်ရေးနဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က