မြန်မာအခြေအနေအပေါ် မည်သည့်အစီအစဥ်ကိုမျှ ရေးဆွဲခဲ့ခြင်းမရှိကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသားက ပြောပါတယ်။

မြန်မာတပ်မတော်ရဲ့ ရွေးကောက်ပွဲအသစ် ကျင်းပပြုလုပ်ပေးမယ့် ကတိကဝတ်ပြုကို အကောင်အထည်ဖော်ရန် ကူညီပေးမယ့် အစီအစဥ်တစ်ခုကို အင်ဒိုနီးရှားက ပြင်ဆင်နေကြောင်း လတ်တလော သတင်းတစ်ရပ်ထွက်ပေါ်လာမှုကို အင်ဒိုအစိုးရက ပယ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် မည်သည့် အရေးယူဆောင်ရွက်မှုအစီအစဥ်ကိုမျှ ထုတ်ပြန်ထားခြင်းမရှိသလို ရေးဆွဲခဲ့ခြင်းလည်းမရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Teuku Faizasyah က သတင်းထောက်တွေကို ယနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) ပြောပါတယ်။



ထို့အတူ အင်ဒိုနီးရှားက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအသစ် ကျင်းပပြုလုပ်ရေးကို အာဆီယံနိုင်ငံများကြား တွန်းအားပေးနေခြင်းမရှိကြောင်းလည်း ၎င်းက ငြင်းဆိုခဲ့ပါတယ်။ အမည်မဖော်ပြတဲ့ အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြခဲ့တဲ့ ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၂ ရက်) Reuters သတင်းကို ရည်ညွှန်းပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Teuku Faizasyah က တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

"အင်ဒိုနီးရှားက အစောပိုင်းကတည်းက အားလုံးကို ချစ်ကြည်ရင်းနှီးမှုမပျက် အဖြေတစ်ခုရှာဖွေရန်နဲ့ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီဖြစ်စဥ်ကို တိုက်တွန်းထားခဲ့ပါတယ်၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးပြုလုပ်ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးအနေနဲ့ ဒီအငြင်းပွားမှုကို ဒီမိုကရေစီလမ်းကြောင်းတွေကနေ ဆုံးဖြတ်ရေး တိုက်တွန်းဖို့ကိုလည်း ကျွန်တော်တို့က တောင်းဆိုထားပါတယ်၊ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး" လို့ Teuku Faizasyah က ပြောခဲ့ပါတယ်။ အမည်မဖော်ပြတဲ့ အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြခဲ့တဲ့ ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၂ ရက်) Reuters သတင်းကို ရည်ညွှန်းပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Teuku Faizasyah က တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာတပ်မတော်အနေနဲ့ ၎င်းတို့ ကတိကဝတ်အတိုင်း လွတ်လပ်ပြီး တရားမျှတဲ့ရွေးကောက်ပွဲ ကျင်းပပြုလုပ်မှု သေချာစေရန် စောင့်ကြည်သူများ စေလွှတ်သွားရန် အင်ဒိုနီးရှားက အာဆီယံ (Association of Southeast Asian Nations - ASEAN) အဖွဲ့ဝင်နိုင်ငံတွေကို စည်းရုံးတိုက်တွန်းနေကြောင်း Reuters က ဖော်ပြခဲ့ပါတယ်။

"Reuters သတင်းတစ်ပုဒ်မှာ ဖော်ပြထားတဲ့ အရေးယူဆောင်ရွက်မှုအစီအစဥ်ဆိုတာက အမှားပါ၊ ကျွန်တော်တို့မှာ ဘယ်အစီအစဥ်ကိုမှ ရေးဆွဲထားတာ မရှိပါဘူး" လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Teuku Faizasyah က ယနေ့ ပြောခဲ့ပါတယ်။

.



က္က