ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ဖေဖေါ်ဝါရီ ၂၄ ရက်မှာ မြန်မာတပ်မတော်က ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

မြန်မာတပ်မတော်က ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ခြင်းဟာ အာဏာသိမ်းမှုကို ထောက်ခံမှုမဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယနေ့ (ဖေဖေါ်ဝါရီ ၂၅ ရက်) ပြောပါတယ်။

(ထိုင်းဝန်ကြီးချပ်ပရာယွတ်) (Photo: Reuters)

ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတပ်မတော်က ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၄ ရက်) မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ထိုသို့ လက်ခံတွေ့ဆုံခဲ့ရာမှာ ဦးဝဏ္ဏမောင်လွင်ထံမှ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေနဲ့ အခြေအနေကို နားထောင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ပရာယွတ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံက အင်ဒိုနီးရှားနဲ့အတူ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဖြေရှင်းရန် ကြားဝင်ဖျန်ဖြေသူဖြစ်လာကြောင်းကိုလည်း ပရာယွတ်က ငြင်းဆိုလိုက်ပါတယ်။



(Photo: Reuters)

"နိုင်ငံရေးပြဿနာက သူတို့နိုင်ငံရဲ့ ကိစ္စပါ၊ တိုင်းပြည်ကို ဒီမိုကရေစီသို့ တတ်နိုင်သမျှ အလျင်အမြန် ဦးတည်ဖို့ ကျွန်တော် သူတို့ကို တိုက်တွန်းချင်ပါတယ်၊ ကျွန်တော် ဘာကိုမှထောက်ခံခဲ့တာမျိုး မရှိပါဘူး၊ သူကလည်း ကျွန်တော့်ကို ထောက်ခံဖို့ မပြောပါဘူး၊ ကျွန်တော်က သူပြောတာကိုပဲ နားထောင်ခဲ့တာပါ၊ ဒါပါပဲ" လို့ ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဝန်ကြီးချုပ်ပရာယွတ် ကိုယ်တိုင်က ၂၀၁၄ ခုနှစ် ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း ဦးဝဏ္ဏမောင်လွင်ကို ယမန်နေ့မှာ တွေ့ဆုံခဲ့ကြကြောင်း Reuters သတင်းက ဖော်ပြပါတယ်။



က္က