မျက်မှောက်ခေတ်မှာ အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရတဲ့ ဒုတိယမြောက် ပြင်သစ်ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ပြင်သစ်သမ္မတဟောင်း နီကိုလက်စ် ဆာကိုဇီဟာ တရားသူကြီးတစ်ဦးကို လာဘ်ထိုးရန်ကြိုးစားခဲ့မှုနဲ့ မဲဆွယ်စည်းရုံးရာမှာ မလျော်ဩဇာသုံးခဲ့မှုအတွက် ပြစ်မှုထင်ရှားကြောင်း တရားရုံးက မတ် ၁ ရက်နေ့မှာ ဆုံးဖြတ်ခဲပါတယ်။

(မတ် ၁ ရက်နေ့က တရားရုံးကိုရောက်ရှိလာသည့် ဆာကိုဇီ) (Photo: Reuters)

၎င်းဟာ မျက်မှောက်ခေတ်မှာ အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရတဲ့ ဒုတိယမြောက် ပြင်သစ်နိုင်ငံခေါင်းဆောင်လည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ယခုဖြစ်ရပ်ဟာ ပြင်သစ်ရဲ့ ခေတ်သစ်သမိုင်းမှာ သမ္မတဟောင်းတစ်ဦးကို အဂတိလိုက်စားမှုဖြင့် ပထမဆုံး ပြစ်ဒဏ်ချမှတ်မှုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဆာကိုဇီကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်တစ်နှစ်နဲ့ ဆိုင်းငံ့ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။



ဆာကိုဇီဟာ အီလက်ထရောနစ် လက်ပတ်တစ်ခု တပ်ဆင်ထားပြီး ၎င်းရဲ့နေအိမ်မှာ ထိန်းသိမ်းမှုခံယူရန် လျှောက်ထားခွင့်ရှိကြောင်း တရားရုံးက ပြောပါတယ်။ ပြင်သစ်သမ္မတအဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး လက်ရှိအချိန်အထိ ကွန်ဆာဗေးတစ်များကြား ဩဇာလွမ်းမိုးမှုရှိနေဆဲဖြစ်တဲ့ အသက် ၆၆ နှစ်အရွယ် ဆာကိုဇီကို ထောင်ဒဏ်လေးနှစ် ပြစ်ဒဏ်ချမှတ်သင့်ပြီး အနည်းဆုံး နှစ်နှစ်ကြာ ထောင်ကျခံသင့်ကြောင်း အစိုးရရှေ့နေတွေက တရားရုံးကို တင်ပြခဲ့ကြပါတယ်။

(ဆာကိုဇီနှင့် ၎င်းရဲ့တတိယဇနီး ကာလာဘရူနီ) (Photo: Getty Images)

ဆာကိုဇီအပြင် ၎င်းရဲ့ရှေ့နေနဲ့ ကာလရှည်ကြာ မိတ်ဆွေဖြစ်သူ အသက် ၆၅ နှစ်အရွယ် Thierry Herzog နဲ့ ယခုအခါ အငြိမ်းစားယူခဲ့ပြီဖြစ်တဲ့ အသက် ၇၄ နှစ်အရွယ် တရားသူကြီး Gilbert Azibert တို့ကိုလည်း နိုင်ငံရေးသမားများအဖြစ် အလားတူ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။ ပြင်သစ်သမ္မတဟောင်း ဆာကိုဇီကတော့ ၎င်းဟာ လိမ်ညာမှုတွေရဲ့ သားကောင်ဖြစ်ခဲ့ကြောင်းနဲ့ အဂတိလိုက်စားမှု လုပ်ရပ်မျိုး မည်သည့်အခါကမျှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း တရားရုံး ကြားနာစစ်ဆေးမှုအတွင်း ထွက်ဆိုခဲ့ပါတယ်။

.


ဆက်စပ်အကြောင်းအရာများ



က္က