မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ရာမှာ လူအများအပြား သေဆုံးခဲ့မှုအတွက် တာဝန်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ကျည်ဆန်အစစ်မသုံးရန် ပြောကြားထားခဲ့ကြောင်း မြန်မာစစ်တပ်က ဆိုပါတယ်။

စစ်တပ်က ထိုသို့ ကြေညာမှုကို ၎င်းတို့ရဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့တယ်လို့ South China Morning Post သတင်းက ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့ရာ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ ဆန္ဒပြမှုတွေကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၁၈ ဦးနဲ့ ဒဏ်ရာရသူ ၃၀ ရှိခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့စာရင်းအရ သိရှိရပါတယ်။



"လူစုလူဝေးကို ဖြိုခွင်းတဲ့နည်းလမ်းတွေ လုပ်ဆောင်လာရချိန်မှာ ကျည်ဆန်အစစ်တွေ မသုံးကြဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို အမိန့်ပေးညွှန်ကြားထားပါတယ်" လို့ ရုပ်သံထုတ်လွှင့်မှုမှာ ပြောခဲ့ပါတယ်။ ဆန္ဒပြသူတွေက လေးခွနဲ့ ဓာတ်ဆီပုလင်းဗုံးများသုံးပြီး အကြမ်းဖက်ခဲ့ကြတယ်လို့လည်း စစ်တပ်ရဲ့ရုပ်သံထုတ်လွှင်မှုမှာ စွပ်စွဲခဲ့ပါတယ်။

"ဆန္ဒပြသူတွေက သူတို့ရဲ့အသက်ကို အန္တရာယ်ပြုလာတဲ့အခါ ခါးအောက်ပိုင်းကို ပစ်ခတ်ဖို့ ညွှန်ကြားထားတယ်" လို့လည်း စစ်တပ်ရုပ်သံက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုများ နိုင်ငံအနှံ့အပြား မြို့ကြီးမြို့ငယ်တွေမှာ နေ့စဥ် ပြုလုပ်နေခဲ့ကြပါတယ်။ ယနေ့ (မတ် ၂ ရက်) မှာလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပိတ်ဆို့စောင့်ကြပ်ထားပေမဲ့ နိုင်ငံတစ်ဝန်း အာဏာသိမ်းမှု ဆန့်ကျင်‌ရေး ဆန္ဒပြမှုတွေ ဆက်လက်ရှိခဲ့ပါတယ်။ 



က္က