စင်ကာပူနိုင်ငံသားတွေ မြန်မာသို့ ခရီးသွားမှုအားလုံး ရွှေ့ဆိုင်းထားရန် အကြံပြုခဲ့ပါတယ်။

စင်ကာပူက မြန်မာမှာရှိနေတဲ့ ၎င်းရဲ့နိုင်ငံသားတွေကို နိုင်ငံကနေ ထွက်ခွာနိုင်သေးပါက ထွက်ခွာကြရေး စဥ်းစားကြရန် အကြံပြုလိုက်ကြောင်း သိရပါတယ်။

(Photo: ကိုငယ်)

ဆန္ဒပြသူတွေနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့များကြား ထိပ်တိုက်တွေ့မှုတွေ လျင်မြန်စွာ အရှိန်မြင့်လာမှုနဲ့ အရပ်သား သေဆုံးဒဏ်ရာမှုအရေအတွက် မြင့်တက်လာမှုတို့ကို ရည်ညွန်းပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (Ministry of Foreign Affairs - MFA) က စင်ကာပူနိုင်ငံသားတွေ မြန်မာနိုင်ငံသို့ ခရီးသွားမှုအားလုံး ရွှေ့ဆိုင်းထားရန် ယနေ့ (မတ် ၄ ရက်) အလေးအနက် အကြံပြုခဲ့ပါတယ်။ "လက်ရှိ မြန်မာမှာရှိနေတဲ့ စင်ကာပူနိုင်ငံသားတွေဟာ ထွက်ခွာလို့ရသေးချိန်မှာ တတ်နိုင်သမျှ မြန်မြန်ထွက်ခွာကြဖို့ စဥ်းစားသင့်တယ်" လို့ ဆိုပါတယ်။



"မြန်မာနိုင်ငံမှာ ဆက်ရှိနေရန် ရွေးချယ်ခဲ့တဲ့ စင်ကာပူနိုင်ငံသားတွေ အနေနဲ့ အထူးသဖြင့် ဆန္ဒပြမှုများ ဖြစ်ပွားနေတဲ့ နေရာမှာရှိနေသူတွေဟာ တတ်နိုင်သမျှ အိမ်မှာပဲနေကြရန်နဲ့ မလိုအပ်ဘဲ ခရီးမသွားကြရန် အလေးအနက် အကြံပြုံပါတယ်၊ စင်ကာပူနိုင်ငံသားတွေ သတိဝီရိယရှိပြီး ဒေသခံ သတင်းတွေကို အနီးကပ် စောင့်ကြည့်ကြရန် သတိပေးပါတယ်" လို့ MFA က ထုတ်ပြန်ပါတယ်။

အကူအညီလိုအပ်တဲ့ စင်ကာပူနိုင်ငံသားတွေဟာ ရန်ကုန်မြို့ရှိ စင်ကာပူသံရုံး သို့မဟုတ် MFA Duty Office ကို ဆက်သွယ်နိုင်ကြောင်းလည်း သက်ဆိုင်ရာ ဖုန်းနံပါတ်များကို CNA သတင်းမှာ ဖော်ပြထားပါတယ်။

Embassy of the Republic of Singapore in Yangon 

  • Telephone: +95-1-9-559-001
  • Emergency Tel (after hours): +95-9-250-863-840

Ministry of Foreign Affairs Duty Office (24 hours)

  • Telephone: +65 6379 8800 / 8855
  • Fax: 6476 7302


က္က