ရက်စက်ကြမ်းကြုတ်တဲ့ ရာဇတ်မှုများအတွက် စုံစမ်းစစ်ဆေးရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးသို့ လွှဲပြောင်းသင့်တယ်လို့လည်း ဆိုပါတယ်။
Ko John

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းနဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်ဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန်က မတ် ၄ ရက်နေ့မှာ ပြောခဲ့ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုကို သတိပေးလာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Thomas Androews က နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေး တောင်းဆိုနေကြသူတွေကို အလျင်အမြန်နဲ့ ပြတ်ပြတ်သားသား အားပေးထောက်ခံကြရန် တောင်းဆိုခဲ့ပါတယ်။ လုံခြုံရေးကောင်စီက မြန်မာစစ်တပ်နဲ့ ၎င်းရဲ့ ဝင်ငွေအရင်းအမြစ်တွေကို ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ပင်ပြီး ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောပါတယ်။



ဒါ့အပြင် မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု အပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇတ်မှုများအတွက် စုံစမ်းစစ်ဆေးရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးသို့ လွှဲပြောင်းသင့်ကြောင်းလည်း Thomas Andrew က ဆိုပါတယ်။

ထိုအတောအတွင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အစိုးရကို နိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ငြင်းပယ်ရမယ်လို့ ၎င်းက ပြောခဲ့ပါတယ်။ "လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေအနေနဲ့ မြန်မာမှာ ကျွန်တော်တို့ မျက်မြင်ကြုံတွေ့နေရတဲ့ ငဲ့ညှာခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်မှုကို ထည့်သွင်းစဥ်းစားရန် ကျွန်တော် တိုက်တွန်းပါတယ်" လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Thomas Androews က ဆိုပါတယ်။ မြန်မာအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအ‌ဝေးကို မတ်လ ၅ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က