သမိုင်းတစ်လျှောက် ပုပ်ရဟန်းမင်းကြီးတစ်ပါးရဲ့ အီရတ်နိုင်ငံသို့ ပထမဆုံးခရီးစဥ် ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက် ပုပ်ရဟန်းမင်းကြီးတစ်ပါးရဲ့ အီရတ်နိုင်ငံသို့ ပထမဆုံးခရီးစဥ်အဖြစ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဘဂ္ဂဒက်မြို့တော်ကို ဒေသစံတော်ချိန် မတ်လ ၅ ရက် မွန်းလွဲပိုင်းမှာ ရောက်ရှိလာခဲ့ပါတယ်။

(Photo: EPA)

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ၎င်းရဲ့ အီရတ်ခရီးစဥ်အတွင်း အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှု အဆုံးသတ်ကြရန် တိုက်တွန်းခဲ့ပါတယ်။ အီရတ်ခရီးစဥ်ဟာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်နောက်ပိုင်း ပုပ်ရဟန်းမင်းကြီးရဲ့ ပထမဆုံး နိုင်ငံတကာခရီးစဥ်လည်း ဖြစ်လာခဲ့ပါတယ်။



COVID-19 နဲ့ လုံခြုံရေးစိုးရိမ်ရမှုတွေကြောင့် အီရတ်ခရီးစဥ်ဟာ အသက် ၈၄ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးအတွက် အန္တရာယ်အရှိဆုံးလို့ ဆိုနိုင်ပါတယ်။ အီရတ်မှာ လျော့နည်းလာတဲ့ ခရစ်ယာန်အသိုင်းအဝိုင်းဟာ နိုင်ငံသားတွေအဖြစ် အခွင့်အရေးအပြည့်အဝရရှိမှု၊ လွတ်လပ်မှုနဲ့ တာဝန်ရှိမှုတို့နဲ့အတူ ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍတစ်ခုရှိသင့်တယ်လို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ပြောပါတယ်။

(Photo: AFP)

ပုပ်ရဟန်မင်းကြီးဖရန်စစ်ရဲ့ ခရီးစဥ်မှာ လုံခြုံရေးအတွက် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို ဖြန့်ကျချထားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးကို အီရတ်ဝန်ကြီးချုပ် Mustafa al-Kadhimi က လေဆိပ်မှာ ကောဇောနီခင်းပြီး အီရတ်ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ ကြိုဆိုရေးအဖွဲ့က သီချင်းနဲ့ အကများဖြင့် ကြိုဆိုခဲ့ပါတယ်။

ထို့နောက် ပုပ်ရဟန်းမင်းကြီးက ၂၀၁၉ ခုနှစ်မှာ ၎င်းကို အီရတ်သို့လာရောက်ရန် တရားဝင်ဖိတ်ကြားခဲ့တဲ့ သမ္မတ Barham Saleh နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဘဂ္ဂဒက်မြို့ရှိ Sayidat al-Nejat (Our Lady of Salvation) ဘုရားကျောင်းကိုသွားရောက်ပြီး ဂိုဏ်းအုပ်ဆရာနဲ့ ဘုန်းတော်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ



က္က