ကမ္ဘာပေါ်မှာ အစင်းကြားအရောင်ရှိ ဆူမာတြား ယုန်အရေအတွက် မည်မျှရှိကြောင်း မသိနိုင်ပါဘူး

ကမ္ဘာပေါ်မှာ အရှားပါးဆုံးအဖြစ် ယူဆထားတဲ့ အစင်းကြားအရောင်ရှိ ဆူမာတြား ယုန်တစ်ကောင်ကို အင်ဒိုနီးရှား တောရိုင်းတိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး တာဝန်ရှိသူတွေက Facebook မှာ မတော်တဆ တွေ့ရှိခဲ့ပြီးနောက် ကယ်တင်နိုင်ခဲ့ပါတယ်။

မျိုးတုန်းပျောက်ကွယ်နိုင်တဲ့ ထိုယုန်မျိုးစိတ်ဟာ ၂၀ ရာစု အစောပိုင်းကာလအတွင်း စုဆောင်းရရှိခဲ့ပြီး ယခုအခါ ဒတ်ချ်ပြတိုက်တစ်ခုမှာ သိမ်းဆည်းထားတဲ့ မျိုးစိတ်တစ်ဒါဇင်ထဲမှာသာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ထိုနောက်ပိုင်းမှာတော့ အဆိုပါယုန်တွေကို တခါတရံ တောရိုင်းထဲမှာနဲ့ ကင်မရာထောင်ချောက်မှာ လက်တစ်ဆုပ်စာမျှ အရေအတွက်သာ မြင်တွေ့ရတယ်လို့ ဆိုပါတယ်။



(တောတွင်း ကင်မရာထောင်ချောက်မှ ရရှိခဲ့သည့် အရှားပါးဆုံးယုန်တစ်ကောင်ပုံရိပ်) (Photo: FFI)

အင်ဒိုနီးရှားနိုင်ငံ Kerinci Seblat အမျိုးသားဥယျာဥ်မှ တာဝန်ရှိသူတွေက ယုန်ဓာတ်ပုံကို Facebook ပို့စ်မှာ တွေ့ခဲ့ရပြီးနောက် ပို့စ်တင်ထားတဲ့ ရောင်းချသူကို ခြေရာခံ ရှာဖွေခဲ့ကာ တန်ဖိုးဖြတ်လို့မရတဲ့ အရှားပါးဆုံးယုန်ကို ကယ်တင်ခဲ့ပါတယ်။ ယုန်ဓာတ်ပုံကို Facebook မှာတင်ထားသူဟာ ထိုယုန်ကို ရေကြီးမှု ဆိုးရွားစွာဖြစ်ခဲ့တဲ့ မြစ်တစ်စင်းဘေးရှိ အမျိုးသားဥယျာဥ် အစွန်အဖျားနေရာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ရေကြီးမှုဖြစ်ပွားခဲစဥ် ယုန်ဟာ အသေးစား ဒဏ်ရာရခဲ့ဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကမ္ဘာပေါ်မှာ အစင်းကြားအရောင်ရှိ ဆူမာတြား ယုန်အရေအတွက် မည်မျှရှိကြောင်း မသိနိုင်ပါဘူး။ ၁၉၉၇ ခုနှစ်က တောရိုင်းထဲမှာ ထိုယုန်ရဲ့ ဓာတ်ပုံကို ပထမဆုံး ရရှိခဲ့ပြီး အလွန်ရှားပါးတဲ့ယုန်ဖြစ်ကြေင်း သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က