ဆင်းဒဝစ်ချ် မှာယူခဲ့ရာ အချိန်ကြာနေမှုအပေါ် အလွန်ဒေါသထွက်နေခဲ့တယ်လို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့စွန်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ စားစရာမှာယူခဲ့ရာ အချိန်ကြာရှည် စောင့်ဆိုင်းရမှုအပေါ် ဒေါသထွက်ခဲ့တဲ့ စားသုံးသူတစ်ဦးက စားပွဲထိုးကို သေနတ်ဖြင့်ပစ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။

(Photo: lifesambrosia)

သောကြာနေ့ (သြဂုတ် ၁၆ ရက်) က ပါရီမြို့စွန် Noisy-le-Grand ဆင်ခြေဖုံးဒေသမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်ကို လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေကြောင်းနဲ့ စားပွဲထိုးကို ပစ်သတ်ခဲ့သူဟာ ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။ ပခုံးနေရာမှာ ပစ်ခတ်ခံရတဲ့ အသက် ၂၈ နှစ်အရွယ် စားပွဲထိုးကို အရေးပေါ် ဆေးဘက်ဝန်ထမ်းတွေက ကယ်တင်နိုင်ရန် ကြိုးပမ်းခဲ့ကြပေမဲ့ သေနတ်ဒဏ်ရာကြောင့် အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။



ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ စားပွဲထိုးရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောကြားမှုအရ လာရောက်စားသူဟာ ဆင်းဒဝစ်ချ် မှာယူခဲ့ရာ အချိန်ကြာနေမှုအပေါ် စိတ်မထိန်းနိုင်ဘဲ အလွန်ဒေါသထွက်နေခဲ့တယ်လို့ ဆိုပါတယ်။ ယခုဖြစ်ရပ်ကို ကြားသိရပြီးနောက် ဒေသခံတွေကြား ထိတ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။

(Photo: AFP)

"ဒီဆိုင်က တိတ်ဆိတ်အေးချမ်းတဲ့ဆိုင်ပါ၊ ဘာပြဿနာမှ မရှိပါဘူး၊ ပြီးခဲ့တဲ့ လအနည်းငယ်ကမှ ဖွင့်ခဲ့တာ" လို့ အသက် ၂၉ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြင်သစ်မီဒီယာကို ပြောခဲ့ပါတယ်။ ဒေသခံအချို့ကတော့ Noisy-le-Grand လမ်းမတွေပေါ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ အရက်မူးနေသူတွေနဲ့အတူ ရာဇဝတ်မှုများ မြင့်တက်ဖြစ်ပွားလာတယ်လို့ ပြောကြပါတယ်။ စားပွဲထိုးကို ပစ်သတ်သွားခဲ့တဲ့ သေနတ်သမားကို စနေနေ့ (သြဂုတ် ၁၇ ရက်) အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က