လေကျင့်ပျံသန်းနေစဉ် ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန် စစ်တပ်လေယာဉ်တစ်စီး လူနေဒေသတစ်ခုမှာ ပျက်ကျခဲ့မှုကြောင့် ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Anjum Naveed/AP)

ပါကစ္စတန်စစ်လေယာဉ်ဟာ ယနေ့ (ဇူလိုင် ၃၀ ရက်) မနက်အစောပိုင်းက လေကျင့်ပျံသန်းနေစဉ် Rawalpindi မြို့ဧရိယာထဲမှာ ပျက်ကျခဲ့ပြီး မြေပြင်ရှိ အရပ်သား ၁၃ ဦးနဲ့ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လေယာဉ်မှူးနှစ်ဦး၊ စစ်ဘက်အမှုထမ်းသုံးဦးတို့ သေဆုံးခဲ့ကြောင်း စစ်တပ်ဆက်သွယ်ရေးဌာနက အတည်ပြု ပြောကြားခဲ့ပါတယ်။



စစ်တပ်လေယာဉ် ပျက်ကျခဲ့တဲ့နေရာမှာ မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားခဲ့ကြောင်းနဲ့ နောက်ထပ် လူ ၁၂ ဦးလည်း ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့ နေရာမှာ ကယ်ဆယ်ရေးလုပ်ဆောင်နေပြီး မီးလောင်မှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီလို့ ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

(Photo: Aamir Qureshi/AFP)

"လေယာဉ်ငယ်တစ်စီး လူနေဒေသထဲကို ပျက်ကျခဲ့ပါတယ်၊ အလောင်း ၁၈ လောင်းတွေ့ရှိထားပြီးပါပြီ၊ စစ်ဘက်အမှုထမ်းငါးဦးနဲ့ အရပ်သား ၁၃ ဦး ဖြစ်ပါတယ်၊ အလောင်းတွေက ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းထားလို့ ဘယ်သူဆိုတာ အတည်ပြုဖို့ DNA စစ်ဆေးဖို့လိုပါတယ်" လို့ ကယ်ဆယ်ရေးအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် Farooq Butt က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ အခင်းဖြစ်နေရာမှာ လေယာဉ်အပျက်အစီးများမှ မီးခိုးငွေ့များထွက် လေယာဉ်အမြီးပိုင်းမှာ ပါကစ္စတန်စစ်တပ် အမှတ်တံဆိပ်တွေကို တွေ့မြင်ရပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် အဆောက်အအုံငယ်နှစ်လုံး မီးလောင်ထားပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ စစ်ဘက်တာဝန်ရှိသူတွေက လေယာဉ်ပျက်ကျရာ နေရာတစ်ဝိုက်ကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က