တရားခံလွှဲပြောင်းရေးဥပဒမေူကြမ်းကို ဆန္ဒပြမှုတွေ လေးလကျော်ကြာ ဖြစ်ပေါ်နေခဲ့ပါတယ်။
Ko John

ဟောင်ကောင်မှာ လနဲ့ချီကြာတဲ့ အပြင်းအထန် ဆန္ဒပြမှုတွေနဲ့အတူ မကြုံစဖူး နိုင်ငံရေးအကျပ်အတည်းနဲ့ ကသောင်းကနင်းအခြေအနေတွေ ဖြစ်ပေါ်စေခဲ့တဲ့ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အစိုးရက ယနေ့ (အောက်တိုဘာ ၂၃ ရက်) တရားဝင် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

(ဥပဒေမူကြမ်းကို ဆန္ဒပြမှုမြင်ကွင်းတစ်ခု) (Photo: Reutres)

အဆိုပါ ဥပဒေမူကြမ်းကို ဟောင်ကောင်ဥပဒေပြုကောင်စီ (ဟောင်ကောင်လွှတ်တော်) က ယနေ့ ဒုတိယအကြိမ် ဖတ်ကြားတင်သွင်းမှု လက်ခံရရှိခဲ့ပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ဥပဒေမူကြမ်းကို တရားဝင် ရုပ်သိမ်းသွားမယ့် အစီအစဉ်များ ကြေညာခဲ့ပြီးနောက် တစ်လအကြာမှာ တရားဝင် ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို တရားဝင် ရုပ်သိမ်းရန် ပြီးခဲ့တဲ့သီတင်းပတ် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၆ ရက်) က လွှတ်တော်သို့ တင်သွင်းခဲ့သေးပေမဲ့ အတိုက်အခံ လွှတ်တော်အမတ်တွေက ကာရီလမ်ကို အော်ဟစ်ဝေဖန် နှောင့်ယှက်မှုတွေကြောင့် လွှတ်တော်ကို ဆိုင်းငံ့ခဲ့ရပါတယ်။

(လွှတ်တော်အမတ်အချို့က အုပ်ချုပ်ရေးမှူးကို ကန့်ကွက်ဆန္ဒပြမှု) (Photo: AFP)

ဟောင်ကောင်အစိုးရက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေးဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းခဲ့ပါက ရာဇဝတ်မှုကျုးလွန်ကြောင်း သံသယရှိသူတွေနဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ ဟောင်ကောင်ဒေသခံတွေကို ထိုင်ဝမ်၊ မကာအိုနဲ့ တရုတ်ပြည်မကြီးသို့ လွှဲပြောင်းခွင့်ပြုထားကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

ဟောင်ကောင်မှာ အာဏာပိုင်တွေက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှစပြီး ကန့်ကွက်ဆန္ဒပြမှုတွေ လေးလကျော်ကြာ ပေါ်ပေါက်နေခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ပါတယ်။

(ဥပဒေမူကြမ်းကို ဆန္ဒပြမှုမြင်ကွင်းတစ်ခု) (Photo: Anthony Wallace/AFP via Getty Images)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။



က္က