လွန်ခဲ့တဲ့ ခြောက်လကမှ လက်ထပ်ခဲ့တဲ့ အမျိုးသမီးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူက သူမကို အသားမည်းကြောင်း ထပ်တလဲလဲ ပြောဆိုမှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Pixabay)

သေကြောင်းကြံစည်သွားတဲ့ အမျိုးသမီးရဲ့ဖခင်က သမီးဖြစ်သူသေဆုံးမှုအတွက် သူမရဲ့ခင်ပွန်းကို အမှုဖွင့်တိုင်ကြားခဲ့ရာ ရာဂျက်စတန်ပြည်နယ် ရဲတပ်ဖွဲ့က အမှုကိုလက်ခံဆောင်ရွက်နေကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့က ခင်ပွန်းဖြစ်သူကို ဖမ်းဆီးခြင်းမရှိသေးဘဲ ၎င်းကလည်း စွပ်စွဲမှုများနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောကြားမှု မရှိသေးကြောင်း BBC သတင်းက ဖော်ပြပါတယ်။



အမျိုးသမီးရဲ့ဖခင် ပြောကြားမှုအရ ခင်ပွန်းဖြစ်သူဟာ သူမရဲ့အသားမည်းမှုကို အကြိမ်ကြိမ် အရှက်ခွဲပြောဆိုခဲ့ပြီး ထိုသို့ပြောဆိုခံရမှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ Mangibai အမည်ရှိ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ခြောက်လကမှ လက်ထပ်ခဲ့တာဖြစ်ကြောင်း India Today သတင်းက ပြောပါတယ်။

(Photo: Getty Images)

Mangibai ဟာ တနင်္လာနေ့ (အောက်တိုဘာ ၂၈ ရက်) က ရာဂျက်စတန်ပြည်နယ် Banskhoyara ကျေးရွာရှိ သူမရဲ့နေအိမ်အပြင်ဘက် ရေတွင်းတစ်ခုထဲသို့ ခုန်ချသတ်သေသွားခဲ့တယ်လို့ Bakani ရဲစခန်းမှ ရဲအရာရှိ Balveer Singh က ပြောပါတယ်။ ရေတွင်းထဲခုန်ချသွားတဲ့ Mangibai ကို ပြန်ဆယ်ယူပြီး ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ပေမဲ့ သေဆုံးသွားခဲ့ကြောင်း ထိုရဲအရာရှိက ဖြည့်စွက်ပြောခဲ့ပါတယ်။

အိန္ဒိယမှာ အသားမည်းကြောင်း မခံချင်အောင် ပြောဆိုမှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ယခင်ကလည်း ထိုသို့ပြောဆိုခံရမှုကြောင့် အမျိုးသမီးများ သေကြောင်းကြံစည်မှုတွေ ရှိခဲ့ပါတယ်။ အိန္ဒိယလူမျိုး အများအပြားက အသားရောင် အနည်းငယ်သာမည်းခြင်းကို ပိုမိုနှစ်သက်တတ်ကြတယ်လို့ ဆိုပါတယ်။

(Map: Google Maps)

၂၀၁၄ ခုနှစ်အတွင်း ခင်ပွန်းဖြစ်သူက သူမရဲ့အသားရောင်ကို မခံချင်အောင်ပြောဆိုမှုကြောင့် အသက် ၂၉ နှစ်အရွယ် အိန္ဒိယအမျိုးသမီးတစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း အသက် ၁၄ နှစ်အရွယ် အိန္ဒိယကျောင်းသူတစ်ဦးဟာ အတန်းဖော်တွေက သူမကို အသားမည်းပြီး ရုပ်ဆိုးကြောင်း ဝိုင်းဝန်းပြောဆိုကြပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က