ရေကြီးမှုအတွင်း ဂျာမန်အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ရေကြီးမှုတွေကြောင့် လူဦးရေ ၁,၆၀၀ ကို ရွှေ့ပြောင်းပေးခဲ့ရပြီး အများစုဟာ အပျော်တမ်း စခန်းချခရီးထွက်လာတဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Photo: CNN




ရေကြီးမှုအတွင်း အပျော်တမ်း စခန်းချခရီးထွက်တဲ့ ကလေးငယ်တွေကို ကြီးကြပ်သူ အသက် ၇၀ အရွယ် ဂျာမန်အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်းလည်း သိရပါတယ်။ ရေကြီးမှုအဆိုးဆုံး ဖြစ်ပေါ်ခဲ့တဲ့ နေရာဒေသတွေဟာ Gard, Ardeche နဲ့ Drome တို့ ဖြစ်ပါတယ်။

ရေကြီးမှုအတွင်း ကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် မီးသတ်သမား ၄၀၀ ကျော်နဲ့ ရဟတ်ယာဉ်လေးစီးကို အသင့်ချထားတယ်လို့ ဆိုပါတယ်။

Photo: CNN



ပြင်သစ်တောင်ပိုင်းနဲ့ ဥရောပဒေသ အများအပြားမှာ ပုံမှန်မဟုတ်တဲ့ အပူချိန်မြင့်တက်မှုတွေ ဖြစ်ခဲ့ပြီးနောက် မိုးသက်မုန်တိုင်းများကြောင့် ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

Photo: CNN



မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ရေကြီးမှုဖြစ်တဲ့ ဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မထိ ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။ မိုးသက်မုန်တိုင်းနဲ့ ရေကြီးမှုတွေကြောင့် နေအိမ် ၁၇,၀၀၀ ဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က