နောက်ထပ် စမတ်ဖုန်းလေးလုံး ထပ်ဖြည့်သွားရန် စီစဉ်ထားပါသေးတယ်။
Ko John

ထိုင်ဝမ်မှ အဘိုးတစ်ဦးဖြစ်သူ ချန်စန်းယွမ်ရဲ့ ပိုကီမွန် (Pokemon Go) ဂိမ်းကစားပုံက အံ့မခန်းဖြစ်ပြီး လူသိများနေပါတယ်။ အန်ကယ်ပိုကီမွန်လို့ လူတွေက တရင်းတနှီး ခေါ်ဝေါ်လေ့ရှိကြတဲ့ ချန်စန်းယွမ်က ပိုကီမွန်ဂိမ်းကစားရန်အတွက် သူ့ရဲ့စက်ဘီးမှာ စမတ်ဖုန်း ၁၁ လုံးကို တပ်ဆင်ထားပါတယ်။

_102898179_048561814.jpg

Photo: EPA



သူက နောက်ထပ် စမတ်ဖုန်းလေးလုံး ထပ်ဖြည့်သွားရန် စီစဉ်ထားပါသေးတယ်။ မစ္စတာချန်က ပိုကီမွန်ဂိမ်း ကစားနည်းကို သူ့ရဲ့မြေးဖြစ်သူထံကနေ သင်ယူခဲ့တာဖြစ်ပြီး စမတ်ဖုန်းများ ဘက်ထရီအားမကုန်မီအထိ နာရီပေါင်း ၂၀ ကြာ ဆက်တိုက် ကစားနိုင်သူလည်း ဖြစ်ပါတယ်။

သူက ပိုကီမွန်ဂိမ်းကစားဖို့အတွက် တစ်လလျှင် မြန်မာငွေ ၁၉ သိန်းနီးပါး (အမေရိကန်ဒေါ်လာ ၁,၂၉၀) သုံးစွဲနေတယ်လို့ ဆိုပါတယ်။

_102898174_048558148.jpg

Photo: EPA



အခုဆိုရင် မစ္စတာချန်က စမတ်ဖုန်းဘက်ထရီတွေကို အားပြန်သွင်းနိုင်ရန် သယ်ဆောင်သွားနိုင်တဲ့ ဘက်ထရီအားသွင်း ကိရိယာတွေကို အသုံးပြုပြီး ထိုင်ဝမ်မြို့တော် တိုင်ပေမှာ ညဉ့်နက်တဲ့အထိ ပိုကီမွန်း လိုက်ဖမ်းလို့နေပါတယ်။

မစ္စတာချန်ဟာ ပိုကီမွန်းဂိမ်းကစားမှုကြောင့် သူ့ကိုလူသိများနေမှုအား ထိုင်ဝမ်သတင်းဌာန EXP.GG က အင်တာဗျူးတဲ့အချိန်ထိ သတိမထားမိခဲ့ဘူးလို့ ဆိုပါတယ်။ ထိုစဉ်က သူဟာ စမတ်ဖုန်းကိုးလုံးဖြင့်သာ ပိုကီမွန်းဂိမ်းကစားနေချိန်လည်း ဖြစ်ပါတယ်။

_102898172_048558179.jpg

Photo: EPA



ပိုကီမွန်းဂိမ်း ပရိသတ်တွေ ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Reddit ပေါ်မှာ မစ္စတာချန် ဂိမ်းကစားနေတဲ့ ဓာတ်ပုံတစ်ပုံကို တွေ့ရှိခဲ့ကြပြီးနောက် သူ့ကို သိရှိလာခဲ့ကြပါတယ်။ ပိုကီမွန်းဂိမ်းကစားတာက သူ့အတွက် မိတ်ဆွေသစ်တွေရပြီး အသက်ကြီးလာသူတွေမှာ ဖြစ်လေ့ရှိတဲ့ အယ်လ်ဇိုင်းမားရောဂါကိုလည်း ကာကွယ်နိုင်စေတယ်လို့ မစ္စတာချန်က ဆိုပါတယ်။

_102898371_048561841.jpg

Photo: EPA



၂၀၁၆ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ ပိုကီမွန်ဂိမ်းဟာ ကမ္ဘာတစ်ဝှမ်း အလျင်အမြန် ရေပန်းစားသွားခဲ့ပြီး Nintendo ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးများ မြင့်တက်စေခဲ့ပါတယ်။ ဂိမ်းကစားသူက ၎င်းရဲ့စမတ်ဖုန်းနဲ့အတူ နေရာစုံကိုသွားလာပြီး ဂိမ်းအတွင်း မြေပုံအလိုက် Pokemon အကောင်လေးတွေကို ရှာဖွေဖမ်းဆီးရတဲ့ ဂိမ်းဖြစ်ပါတယ်။

ပိုကီမွန်းဂိမ်းကစားရာက စမတ်ဖုန်းထဲမှာသာ အာရုံရောက်နေပြီး မတော်တဆမှုတွေ ဖြစ်ပွားကာ သေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု အန္တရာယ်ရှိနိုင်ကြောင်း ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က