အမေရိကန် National Institute of Allergy and Infectious Diseases က ပြုလုပ်ခဲ့တဲ့ သုတေသနဖြစ်ပါတယ်။

အမေရိကန် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ဆေးဝါး Remdesivir ဟာ COVID-19 လူနာများ ပြန်လည်သက်သာလာရန် ကြာမြင့်ချိန် လျှော့ချနိုင်တယ်လို့ မေ ၂၂ ရက် ညပိုင်းက ထုတ်ပြန်ခဲ့တဲ့ သုတေသနရလဒ် အပြည့်အစုံမှာ ဖော်ပြထားကြောင်း သိရပါတယ်။

(Photo: AP)

Remdesivir ကို လူတွေမှာ စမ်းသပ်မှု သုတေသနကို National Institute of Allergy and Infectious Diseases (NIAID) က ပြုလုပ်ခဲ့တာဖြစ်ပြီး ရလဒ်အပြည့်အစုံကို New England Journal of Medicine ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ NIAID ညွှန်ကြားရေးမှူး ဒေါက်တာ Anthony Fauci ကလည်း Remdesivir ဆေးက COVID-19 လူနာတွေကို ပြန်လည်သက်သာစေရန် အကူအညီဖြစ်စေကြောင်း သိသာထင်ရှားတဲ့ အထောက်အထားရှိတယ်လို့ ဧပြီ ၂၉ ရက်နေ့မှာ ပြောထားခဲ့ပါတယ်



ကယ်လီဖိုးနီးယားပြည်နယ် ဖော်စတာမြို့အခြေစိုက် Gilead Sciences ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို ဆေးရုံတွေမှာ COVID-19 လူနာများအား အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အသုံးပြုရန် အမေရိကန် FDA (Food and Drug Administration) က ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

(Photo: AP)

ထို့အတူ ဂျပန်နိုင်ငံကလည်း Remdesivir ဖြင့် COVID-19 လူနာတွေကို ကုသရန် မေ ၇ ရက်နေ့က ခွင့်ပြုခဲ့ပါတယ်။ ဥရောပမှာလည်း ထိုဆေးကို COVID-19 ကုသဆေးအဖြစ် အသုံးပြုရန် စဥ်းစားနေကြောင်း သိရပါတယ်။ NIAID ရဲ့ သုတေနသအရ Remdesivir ဆေးကို ၁၀ ရက်ကြာ နေ့စဥ် ထိုးပေးခဲ့ရာ ဆေးရုံတက် ကုသမှုခံယူနေရတဲ့ COVID-19 လူနာများ ပြန်လည်သက်သာလာမှု မြန်ဆန်လာခဲ့တာ တွေ့ရပါတယ်။

National Institutes of Health ကလည်း Remdesivir ဆေးဟာ ဆေးရုံတက်နေရပြီး ရောဂါပြင်းထန်မှုကြောင့် အောက်စီဂျင်ပေးထားရတဲ့ COVID-19 လူနာတွေကို ကုသရာမှာ အထိရောက်ဆုံးဖြစ်ကြောင်း ယမန်နေ့ (မေ ၂၂ ရက်နေ့) မှာ ပြောခဲ့ပါတယ်။ သို့သော် Remdesivir ဆေးက COVID-19 လူနာများ သေဆုံးမှုအားလုံးကို မကာကွယ်ခဲ့ဘူးလို့ NIAID စမ်းသပ်လေ့လာမှု သုတေသနပြုလုပ်ခဲ့သူတွေက ဆိုပါတယ်။

(Photo: AP)

"Remdesivir ဆေး အသုံးပြုပေမဲ့လည်း သေဆုံးမှုနှုန်းမြင့်နေတာကို ထည့်သွင်းစဥ်းစားမယ်ဆိုင်ရင် ဗိုင်းရပ်စ်တိုက်ဖျက်ဆေးတစ်မျိုးတည်းနဲ့ ကုသမှုက လုံလောက်ဖွယ်မရှိဘူးဆိုတာ ထင်ရှားပါတယ်" လို့ ၎င်းတို့က ပြောပါတယ်။ Remdesivir ဆေးဖြင့် ကုသခဲ့တဲ့ လူနာတွေရဲ့ ၇.၁ ရာခိုင်နှုန်း ၁၄ ရက်အတွင်း သေဆုံးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က