လူနဲ့ အခြား တိရိစ္ဆာန်တွေကို ကူးစက်နိုင်ခြင်းအပေါ် စိုးရိမ်မှုမြင့်တက်နေပါတယ်။

သြစတြေးလျနိုင်ငံတစ်ဝှမ်း စင်ရော်ငှက်တွေမှာ ပဋိဇီဝဆေးကို ခံနိုင်ရည်ရှိတဲ့ စူပါဘက်တီးရီးယားပိုး (superbug) များ သယ်ဆောင်ထားကြတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

(Photo: Janie Barrett/SMH)

သိပ္ပံပညာရှင်တွေက နိုင်ငံတစ်ဝှမ်းရှိ သြစတြေးလျ ငွေစင်ရော် (silver gull) ၂၀ ရာခိုင်နှုန်းကျော်ဟာ ဆီးလမ်းကြောင်းနဲ့ သွေးအတွင်း ရောဂါကူးစက်မှုများနဲ့ အသက်အန္တရာယ်ရှိတဲ့ sepsis ခေါ် နာမကျန်းဖြစ်မှုတို့ ဖြစ်စေနိုင်တဲ့ အီးကိုလီ (E. coli) ကဲ့သို့ ဘက်တီးရီးယားပိုးကို သယ်ဆောင်ထားကြောင်း တွေ့ရှိခဲ့ကြပါတယ်။



ယခုတွေ့ရှိမှုအရ ဆေးမတိုးတဲ့ စူပါဘက်တီးရီးယားက လူတွေနဲ့ အခြား တိရိစ္ဆာန်တွေကို ကူးစက်နိုင်ခြင်းအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ သိပ္ပံပညာရှင်တွေက ယခုတွေ့ရှိမှုဟာ လူတွေအတွက် သတိပေးမှုတစ်ခု ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ စင်ရော်ငှက်တွေဟာ အမှိုက်နဲ့ အညစ်အကြေးထဲမှာ အစာရှာဖွေ စားကြရာမှ ၎င်းတို့နဲ့အတူ ဆေးမတိုးတဲ့ ဘက်တီးရီးယားပိုးကို သယ်ဆောင်လာခဲ့ကြတယ်လို့ ယုံကြည်ရပါတယ်။

(Photo: Rebecca Abraham)

သိပ္ပံပညာရှင်တွေက ပါ့သ်မြို့ရှိ Murdoch တက္ကသိုလ် ကိုယ်စားပြုပြီး သုတေသနပြု လေ့လာခဲ့ကြရာမှ မထင်မှတ်ဘဲ စင်ရော်တွေမှာ စူပါဘက်တီးရီးယားပိုး သယ်ဆောင်ထားကြတာ တွေ့ရှိခဲ့ရကြောင်း The Guardian သတင်းက ဖော်ပြပါတယ်။

"ဒါက အစိုးရအားလုံးနဲ့ အဖွဲ့အစည်းအမျိုးမျိုးအတွက် သတိပေးချက်တစ်ခုလို့ ကျွန်တော်ထင်တယ်၊ ရေသန့်စင်မှုနဲ့ အညစ်အကြေး စီမံခန့်ခွဲမှုလို ကိစ္စတွေအတွက်ပေါ့၊ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် သင့်တော်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ဆောင်ကြဖို့ သတိပေးချက်တစ်ခုပါပဲ" လို့ ဒေါက်တာဆမ်အေဗရာဟမ်က ပြောပါတယ်။

(Photo: Daniel Pockett/AAP)

စင်ရော်ငှက်တွေရဲ့ မစင်နဲ့ထိတွေ့ခဲ့မိတဲ့ လူတွေမှာ စူပါဘက်တီးရီးယားပိုး ကူးစက်နိုင်ပါတယ်။ သို့သော် ၎င်းတို့အနေနဲ့ ထိုသို့ ထိတွေ့မိခဲ့ပါက လက်ကို စင်ကြယ်စွာဆေးကြောခဲ့ပါက ကူးစက်နိုင်ခြေနည်းကြောင်း သိရပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ မစင်အညစ်အကြေးမှာ တွေ့ရတဲ့ ဘက်တီးရီးယားပိုးအချို့ဟာ ပုံမှန်အသုံးပြုနေကျ cephalosporin နဲ့ fluoroquinolone ကဲ့သို့ ပဋိဇီဝဆေးတွေကို ခံနိုင်ရည်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က