တောင်ပိုင်းသြစတြေးလျပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။

သြစတြေးလျနိုင်ငံ တောင်ပိုင်းသြစတြေးလျပြည်နယ် (South Australia) မှာ ငှက်အကောင်ရေ ၆၀ ခန့် ကောင်းကင်မှ ပြုတ်ကျသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

(Photo: Andrew Silcocks)

အဖြူရောင် နှုတ်သီးရှည်ကတ္တဝါ ငှက်မျိုးနွယ်ဝင် Long-billed corella ငှက်တွေကို Adelaide မြို့ မြေပြင်နေရာတွေမှာ ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်နေ့က တွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။ အဖြူရောင် နှုတ်သီးရှည်ကတ္တဝါငှက် အကောင်ရေ ၅၇ ကောင်ထက်မနည်း သေဆုံးနေတာတွေ့ရပြီး အဆိုပါ ငှက်မျိုးစိတ်ဟာ သြစတြေးလျမှာ ကာကွယ်စောင့်ရှောက်ထားတဲ့ မျိုးစိတ်လည်းဖြစ်ပါတယ်။



ငှက်အများအပြား ပြုတ်ကျသေဆုံးရမှုဟာ အဆိပ်သင့်တာကြောင့် ဖြစ်နိုင်တယ်လို့ သံသယရှိနေကြပြီး သက်ဆိုင်ရာ အစိုးရဌာနတွေက စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ မြေပြင်ပေါ်ပြုတ်ကျနေတဲ့ ငှက်တွေအနက် အချို့ဟာ အသက်ရှင်နေဆဲဖြစ်ခဲ့ပြီး ၎င်းတို့ကို တိရိစ္ဆာန်ဆေးကုခန်းနှစ်ခုသို့ ယူဆောင်သွားခဲ့ပေမဲ့ အသက်မကယ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

(Photo: Casper's Bird Rescue/Facebook)

"ငှက်တွေပြုတ်ကျပြီး သေနေတဲ့မြင်ကွင်းက ထိတ်လန့်ကြောက်ရွံ့စရာ ရုပ်ရှင်ဇာတ်ကားတစ်ကားလိုပဲ" လို့ Casper's Bird Rescue ငှက်ကယ်ဆယ်ရေးအဖွဲ့ တည်ထောင်သူ Sarah King က ပြောပါတယ်။ "ငှက်တွေက မပျံနိုင်တော့ဘဲ မြေပြင်မှာလဲနေပြီး နာကျင်အော်မြည်နေတယ်၊ အချို့ငှက်တွေကတော့ နှုတ်သီးကနေ သွေးတွေထွက်ကျနေတယ်၊ ဒါကိုတွေ့ပြီးတော့ ငှက်တွေ အဆိပ်သင့်တာဖြစ်မယ်လို့ ထင်ခဲ့ကြတာပါ၊ ဒါမျိုး အရင်က မတွေ့ဖူးဘူး" လို့ Sarah King က ဆိုပါတယ်။

တောင်ပိုင်းသြစတြေးလျပြည်နယ် ပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ဌာနကတော့ ငှက်တွေ ပြုတ်ကျသေဆုံးရတဲ့ အကြောင်းရင်းကို အတည်ပြု ပြောကြားခြင်းမရှိသေးပါဘူး။ "ရောဂါရှာဖွေမှုနဲ့ အဆိပ်သင့်မှု စစ်ဆေးတာတွေ လုပ်နေပါတယ်၊ ဒါက သီတင်းပတ်အချို့ ကြာပါလိမ့်မယ်" လို့ အဆိုပါဌာနမှ ပြောခွင့်ရအမျိုးသမီးက BBC သတင်းဌာနကို ပြောပါတယ်။

(Photo: Casper's Bird Rescue/Facebook)

ပြုတ်ကျသေဆုံးတဲ့ ငှက်တွေကို မြင်တွေ့ခဲ့ရသူ တိရိစ္ဆာန်ဆေးကုဆရာဝန် Trudy Seidel ကတော့ ငှက်တွေဟာ အဆိပ်သင့်ခဲ့တာ ဖြစ်နိုင်ဖွယ်ရှိကြောင်း သြစတြေးလျသတင်းဌာန Australian Broadcasting Corporation (ABC) ကို ပြောခဲ့ပါတယ်။ သေဆုံးတဲ့ ငှက်တွေအနက် နှုတ်သီးရှည်ကတ္တဝါငှက် (Long-billed corellas) များအပြင် နှုတ်သီးတိုကတ္တဝါငှက် short-billed corellas တွေလည်းပါဝင်ကြောင်း သိရပါတယ်။ သြစတြေးလျမှာ အဆိုပါ ငှက်မျိုးစိတ်တွေကို ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ထားပြီး တရားမဝင် သတ်ဖြတ်သူတွေဟာ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်ပင်ကျခံရနိုင်တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က