loading...

loading...

loading...

မတ်လ ၂၆ ရက် ညပိုင်းမှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။
Ko John

ဗိုင်းရပ်စ်ကူးစက်မှုတွေ နေ့စဥ် တိုးလာနေတဲ့ စင်ကာပူနိုင်ငံမှာ ပိုမိုပြင်းထန်တဲ့ စီမံဆောင်ရွက်ချက်တွေ ချမှတ်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

(Photo: MediaCorp)

ထိုဆောင်ရွက်တွေအနက် ကျောင်းများနဲ့ အလုပ်နေရာပြင်ပမှာ လူ ၁၀ ထက်ပိုပြီး စုရုံးမှုကို ပိတ်ပင်ကန့်သတ်ထားမယ်လို့ စင်ကာပူဝန်ကြီးဌာနပေါင်းစုံပါဝင်တဲ့ COVID-19 လုပ်ငန်းအဖွဲ့က မတ်လ ၂၄ ရက်နေ့မှာ ပြောပါတယ်။ ပိတ်ပင်ကန့်သတ်မှုဟာ လာမယ့် ကြာသပတေးနေ့ (မတ်လ ၂၆ ရက်) ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ်မှ ဧပြီ ၃၀ ရက်နေ့အထိ အကျုံးဝင်သက်ရောက်နေမှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ထိန်းချုပ်မှု အခြေအနေ တိုးတက်မှုမရှိပါက ယခု ပိတ်ပင်ကန့်သတ်ချက်ကို အချိန်ကာလ တိုးချဲ့သွားမယ်လို့ လုပ်ငန်းအဖွဲ့က ပြောပါတယ်။ အစောပိုင်းမှာ ထုတ်ပြန်ထားခဲ့တဲ့ ပွဲတော်များနဲ့ ဂီတဖျော်ဖြေပွဲတွေမှာ လူဦးရေ ၂၅၀ ထက် မကျော်လွန်စေရန် သတ်မှတ်ထားမှုကိုလည်း ယခု ပိတ်ပင်ကန့်သတ်ချက်အသစ်ဖြင့် အစားထိုး လိုက်နာစေမှာ ဖြစ်ပါတယ်။

(Photo: MediaCorp)

စင်ကာပူ COVID-19 လုပ်ငန်းအဖွဲ့က အသစ်ထုတ်ပြန်လိုက်တဲ့ စီမံဆောင်ရွက်ချက်တွေအရ နိုက်ကလပ်များ၊ ကပွဲရုံများ၊ ကာရာအိုကေဆိုင်များ၊ ရုပ်ရှင်ရုံများနဲ့ ကဇာတ်ရုံများကိုလည်း ပိတ်ပင်ထားမယ်လို့ သိရပါတယ်။ အဆိုပါ နေရာတွေဟာ လူအများ အနီးကပ် ထိတွေ့မှုများပြီး ဗိုင်းရပ်စ်ကူးစက်နိုင်တဲ့ အန္တရာယ်မြင့်မားကြောင်း COVID-19 လုပ်ငန်းအဖွဲ့က ပြောပါတယ်။

စင်ကာပူမှာ ကျူရှင်းနဲ့ သင်တန်းကျောင်းတွေကိုလည်း ပိတ်ထားမှာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ မတ်လ ၂၄ ရက် ညပိုင်းအထိ စာရင်းတွေအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၅၈ ဦးရှိပြီး ၂ ဦး သေဆုံးခဲ့ကာ ၁၅၅ ဦး ပြန်လည်သက်သာခဲ့ကြောင်း CNA သတင်းက ဖော်ပြထားပါတယ်။

(Photo: MediaCorp)

ကမ္ဘာတစ်ဝှမ်းမှာတော့ မတ်လ ၂၃ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၆၉,၁၆၈ ဦးနဲ့ သေဆုံးသူ ၁၆,၂၈၄ ဦးရှိပြီး ပြန်လည်သက်သာလာသူ အရေအတွက်မှာ ၁၀၀,၉၅၈ ဦးဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ မတ်လ ၂၃ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၉၇,၆၅၁ ဦးနဲ့ သေဆုံးသူ ၁၇,၃၄၂ ဦးရှိပြီး ပြန်လည်သက်သာလာသူ အရေအတွက်မှာ ၁၀၃,၃၃၄ ဦးဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က