တိတ်တိတ်ပုန်း အတူနေအမျိုးသမီးရဲ့ ချစ်သူကို လူငှားပြီး ရိုက်နှက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်အတွင်း တိတ်တိတ်ပုန်း အတူနေအမျိုးသမီးရဲ့ ချစ်သူကို လူငှားပြီး ထိုးကြိတ်ရိုက်နှက်ခိုင်းခဲ့မှုဖြင့် စင်ကာပူလုပ်ငန်းရှင် အမျိုးသားတစ်ဦးကို မေ ၂၁ ရက်နေ့မှာ ထောင်ဒဏ်ခြောက်နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

(စီးပွားရေးလုပ်ငန်းရှင် Lim Hong Lian (ဝဲဘက်မှ) နှင့် Ong Hock Chye) (Photo: Gavin Foo/Strait Times)

အသက် ၅၅ နှစ်အရွယ် Lim Hong Liang ဆိုသူ စီးပွားရေးလုပ်ငန်းရှင်ဟာ အသက် ၃၅ နှစ်အရွယ် Joshua Koh Kian Yong အမည်ရှိ အမျိုးသားကို အပြင်းအထန် နာကျင်စေရန် ပူးပေါင်းကြံစည်မှုအတွက် အပြစ်ရှိကြောင်း ပြီးခဲ့တဲ့လအတွင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အိမ်ထောင်ရှင်တစ်ဦးဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် Lim က အသက် ၂၈ နှစ်အရွယ် Miss Mermaid အလှမယ်ဟောင်း Audrey Chen Ying Fang နဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းရှိနေခဲ့တယ်လို့ ဆိုပါတယ်။



Lim က အလှမယ်ဟောင်းကို ၎င်းရဲ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှာ စီမံအုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရာထူးနေရာအတွက် လစာပေးထားပြီး သူမကတော့ ကုမ္ပဏီကို လာရောက်ခဲ့ခြင်းမရှိပါဘူး။ ဒ့ါအပြင် Lim က အလှမယ်ဟောင်းအတွက် ကားတစ်စီး အပါအဝင် လက်ဆောင်များပေးခဲ့သလို ပြင်ဆင်ထားပြီး ကွန်ဒိုတိုက်ခန်းတစ်ခန်းနဲ့ အိမ်အကူတစ်ဦးကိုလည်း စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။

(အလှမယ်ဟောင်း Audrey Chen Ying Fang) (Photo: Kelvin Chang/Strait Times)

သို့သော် အလှမယ်ဟောင်း Chen က Joshua Koh နဲ့ အချစ်ဇာတ်လမ်းရှိခဲ့ကြောင်းကို Lim သိရှိသွားခဲ့ရာ ထိုအမျိုးသားကို သင်ခန်းစာပေးရန် စီစဉ်ခဲ့တယ်လို့ဆိုပါတယ်။ ထို့နောက် ကလေးသုံးဦးရဲဖခင် Lim က Joshua Koh ကို တိုက်ခိုက်ရန် လူမေိုက်တွငှားခဲ့ပါတယ်။ Joshu Koh ဟာ ထိုင်းအမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ထားသူလည်း ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် Lim က Joshu Koh ရဲ့ မျက်နှာမှာ ဒဏ်ရာရအောင် ထိုးကြိတ်ရိုက်နှက်ရန် လူမိုက်တွေကို စင်ကာပူဒေါ်လာ ၅,၀၀၀ ပေးပြီး ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလအတွင်း Lim ငှားရမ်းထားခဲ့တဲ့ လူတွေက Joshu Koh ကို နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြရာ နှာခေါင်းရိုးကျိုးဒဏ်ရာ၊ နှုတ်ခမ်းနဲ့လက်မောင်း စုတ်ပြတ်ပေါက်ဒဏ်ရာနဲ့ မျက်နှာမှာဖူးရောင်ဒဏ်ရာများရခဲ့ပါတယ်။

(Joshua Koh Kian Yong) (Photo: Gavin Foo/Strait Times)

ပထမတစ်ကြိမ် တိုက်ခိုက်အပြီးမှာ 'Joshua Koh ကို အတူအိပ်ဖို့ အိမ်ကိုခေါ်ခဲ့တာ သိရှိထားကြောင်း' ပြောထားတဲ့ Lim ရဲ့ အသံမက်ဆေ့ချ်ကို အလှမယ်ဟောင်း Chen လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ "မင်း ဘာလုပ်ခဲ့တာလဲ? မှန်လား? မှားလား? မင်းက ငါ နိုင်ငံခြားသွားနေတုန်း ယောက်ျားတစ်ယောက်ကို အတူအိပ်ဖို့ အိမ်ကိုခေါ်ခဲ့တယ်၊ မင်းလုပ်ခဲ့တာက မှန်လား? မှားလား?၊ ငါက မင်းကို အားလုံး ထောက်ပံ့စီစဉ်ပေးခဲ့တယ်လေ" လို့ စီးပွားရေးလုပ်ငန်းရှင် Lim က မန်ဒရင် တရုတ်ဘာသာဖြင့် ပြောခဲ့ပါတယ်။

ယခု အမှုကိစ္စနဲ့ပတ်သက်ပြီး Johsu Koh ကို တိုက်ခိုက်ရန်အတွက် Lim က တိုက်တွန်းခဲ့ကြောင်း သက်သေမရှိဘူးလို့ ၎င်းရဲ့ရှေ့နေ N Sreeniasan က လျှောက်လှဲခဲ့ပါတယ်။ သို့သော် အစိုးရရှေ့နေ Tan Wen Hsien ကတော့ Lim က ထိုသို့ မတိုက်တွန်းခဲ့ပေမဲ့ သဘောတူကြောင်း ပြောခဲ့ပြီး ငွေကြေးပေးခဲ့တာကြောင့် အခြေခံအားဖြင့် ၎င်းတို့ကို စိတ်ကြိုက်လုပ်ခွင့်ပေးခဲ့ရာရောက်ကြောင်း ပြောခဲ့ပါတယ်။

(Miss Mermaid အလှမယ်ပြိုင်ပွဲမှာ တွေ့ရသည့် Chen) (Photo: The New Paper)

Joshu Koh ကို အပြင်းအထန် နာကျင်စေမှုဖြင့် Lim နဲ့အတူ တရားစွဲခံခဲ့ရတဲ့ အသက် ၄၈ နှစ်အရွယ် Ong Hock Chye ဆိုသူကိုတော့ ထောင်ဒဏ်ငါးနှစ်ခွဲနဲ့ ကြိမ်ဒဏ်ခြောက်ချက် ချမှတ်ခဲ့ကြောင်းလည်း သိရပါတယ်။ Ong Hock Chye က Lim ရဲ့ မူလဆန္ဒအတိုင်း မဟုတ်ဘဲ Joshu Koh ရဲ့ မျက်နှာကို ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ Lim က Joshu Koh ရဲ့ လက်တွေ၊ ခြေထောက်တွေကို ချိုးပစ်စေချင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ယခုအမှုနဲ့ပတ်သက်ပြီး အမျိုးသားခုနစ်ဦးကို တရားရုံးမှာ ကြားနာစစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ငါးဦးကို ထောင်ဒဏ် ၁၄ နှစ်ခွဲအထိ ချမှတ်ထားခဲ့ပြီး သုံးဦးကိုတော့ ကြိမ်ဒဏ်လည်းချမှတ်ခဲ့တယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်းရှင် Lim နဲ့ Ong Hock Chye တို့က ၎င်းတို့ကို ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေအပေါ် အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

Source: CNA, ST


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က