loading...

loading...

loading...

အိမ်ထောင်စုတိုင်းကို လက်သန့်ဆေးရည်ယူရန် သတ်မှတ်ရက်ဖော်ပြထားတဲ့ လက်ကမ်းစာစောင်များ ဝေငှထားမှာပါ။
Ko John

စင်ကာပူမှာ အိမ်ထောင်စုတိုင်း အယ်လ်ကိုဟောမပါတဲ့ လက်သန့်ဆေးရည် ၅၀၀ မီလီလီတာ (500ml) အခမဲ့ ရရှိမယ်လို့ Temasek Foundation က မတ်လ ၁၇ ရက်နေ့မှာ ကြေညာပါတယ်။

(Photo: MediaCorp)

လက်သန့်ဆေးရည်တွေကို မတ်လ ၂၃ ရက်မှ မတ်လ ၂၉ ရက်နေ့အထိ community club တွေနဲ့ CapitaLand ကုမ္ပဏီရဲ့ ဈေးဝယ်စင်တာ ၁၆ ခုမှာ ရယူနိုင်မယ်လို့ ဆိုပါတယ်။ တနင်္လာမှ သောကြာနေ့အထိ ညနေ ၃ နာရီမှ ည ၉ နာရီအထိနဲ့ စနေ၊ တနင်္ဂနွေရက်တွေမှာ မနက် ၁၀ နာရီမှ ည ၉ နာရီအထိ အဆိုပါ နေရာများမှာ လက်သန့်ဆေးရည်တွေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။

လက်သန့်ဆေးရည် ယူဆောင်ရန်အတွက် သန့်ရှင်းတဲ့ ဘူးများ၊ ဖန်ပုလင်းများ သို့မဟုတ် အခြား ပလတ်စတစ်ပုလင်းများ ယူဆောင်လာရမယ်လို့ ဆိုပါတယ်။ Temasek Foundation က COVID-19 ကူးစက်ဖြစ်ပွားနေစဥ်ကာလမှာ စင်ကာပူနိုင်ငံသားတွေကို ကူညီထောက်ပံ့ပေးခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

(Photo: Ariffin Jamar/ST)

စင်ကာပူအိမ်ထောင်စု ၁.၅ သန်းကို လက်သန့်ဆေးရည် အခမဲ့ ပေးဝေသွားမယ့် ယခု အစီအစဥ်မှာ စေတ့နာဝန်ထမ်း ၂၅,၀၀၀ ကျော် ပါဝင်ကူညီကြမယ်လို့လည်း သိရပါတယ်။ ပထမအပတ် သတ်မှတ်ရက်တွေမှာ လက်သန့်ဆေးရည် မရယူဖြစ်သူတွေအတွက် ဒုတိယအပတ်မှာ လာရောက်ယူဆောင်နိုင်မယ်လို့ ဆိုပါတယ်။

လူစုလူဝေး အလွန်အကျွံ မဖြစ်စေရန် အိမ်ထောင်စုတစ်ခုစီအတွက် လက်သန့်ဆေးရည်ယူရန် သတ်မှတ်ရက်ဖော်ပြထားတဲ့ လက်ကမ်းစာစောင်များကို လာမယ့် ရက်များအတွင်း ဝေငှပေးသွားမှာ ဖြစ်ပါတယ်။ လက်သန့်ဆေးရည် လာရောက်ရယူပါက အဆိုပါ လက်ကမ်းစာစောင်ကို ယူဆောင်လာရမယ်လို့ ဆိုပါတယ်။ စင်ကာပူမှာ မတ်လ ၁၇ ရက်နေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၂၃ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်သူ နေ့စဥ်တွေ့ရှိရမှုတွေအနက် အများဆုံးလည်း ဖြစ်လာပါတယ်။

(Photo: MediaCorp)

မတ်လ ၁၇ ရက် ညပိုင်းအထိ စာရင်းတွေအရ စင်ကာပူမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆၆ ဦးရှိပြီး ၉၆ ဦး ပြန်လည်သက်သာလာခဲ့ပါတယ်။ COVID-19 ကူးစက်မှု ထိန်းချုပ်ဟန့်တားရေး ဆောင်ရွက်မှုအဖြစ် စင်ကာပူကို ဝင်ရောက်လာသူတွေအနက် ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၊ ဂျပန်၊ ဆွစ်ဇာလန် သို့မဟုတ် ဗြိတိန်သို့ သွားရောက်ခဲ့ဖူးသူတွေဟာ ၁၄ ရက်ကြာ အိမ်မှာပဲနေရမယ်လို့ စင်ကာပူအစိုးရက မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Source: ST, CNA


ဆက်စပ်အကြောင်းအရာများ


loading...

က္က