သင်ကြားရေးနဲ့ သင်ကြားရေးပိုင်းမဟုတ်တဲ့ ဝန်ထမ်းများအားလုံးကို စစ်ဆေးသွားမှာပါ။

စင်ကာပူနိုင်ငံ မူကြိုကျောင်းများရှိ သင်ကြားရေးနဲ့ သင်ကြားရေးပိုင်းမဟုတ်တဲ့ ဝန်ထမ်းများအားလုံးကို ကျောင်းများပြန်မဖွင့်မီ COVID-19 စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

(Photo: CNA/MediaCorp)

ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် လျှော့ချရန်ရည်ရွယ်ပြီး စင်ကာပူ မူကြိုကျောင်းတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သန့်ရှင်းရေဝန်ထမ်းများမှ ကျောင်းအုပ်များအထိ အားလုံးကို COVID-19 စစ်ဆေးမှုတစ်ကြိမ် ပြုလုပ်သွားမှာဖြစ်ကြောင်း Early Childhood Development Agency (ECDA) ရဲ့ ပြောခွင့်ရအမျိုးသားက မေ ၁၄ ရက်မှာ ပြောပါတယ်။



"မူကြိုကျောင်းတွေ အပြည့်အဝ ပြန်ဖွင့်ပြီးနောက်မှာလည်း ကလေးတွေနဲ့ ဝန်ထမ်းတွေကို ကာကွယ်ဖို့အတွက် အန္တရာယ်ရှိမှုအပေါ်မူတည်ပြီး စစ်ဆေးတဲ့စနစ်ကို စဥ်းစားသွားမှာပါ" လို့ ECDA က ဆိုပါတယ်။ စင်ကာပူမှာ COVID-19 ထိန်းချုပ်ရေး အသွားအလာ ပိတ်ပင်ကန့်သတ်တဲ့ "Circuit Breaker" စီမံဆောင်ရွက်မှုအရ ဧပြီ ၈ ရက်မှစပြီး မူကြိုကျောင်းတွေအားလုံး၊ မူလတန်းကျောင်းများနဲ့ ကျောင်းသူ/သား စောင့်ရှောက်ရေးစင်တာတွေကို ၎င်းတို့ရဲ့ အထွေထွေဝန်ဆောင်မှုများ ရပ်ဆိုင်းထားစေခဲ့ကြောင်း CNA သတင်းက ဖော်ပြပါတယ်။

(Photo: CNA/MediaCorp)

မိဘတွေက ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့ မရှိမဖြစ် အလုပ်တွေမှာ လုပ်ကိုင်နေကြတဲ့ ကျောင်းသူ/သားတွေကိုတော့ ကန့်သတ်ဝန်ဆောင်မှုတွေ ဆက်လက် ပေးထားခဲ့တယ်လို့ ဆိုပါတယ်။ Circuit Breaker ကာလအတွင်း ထိုသို့ ကန့်သတ်ဝန်ဆောင်မှု ဆက်လက်ပေးထားတဲ့ မူကြိုးကျောင်းနေအရွယ် ၁၀,၀၀၀ ခန့် သို့မဟုတ် စင်ကာပူ မူကြိုကျောင်းသူ/သားဦးရေရဲ့ ၅ ရာခိုင်နှုန်းရှိခဲ့ကြောင်းလည်း ECDA က ယခင်က ပြောထားခဲ့ပါတယ်။

စင်ကာပူမှာ အသွားအလာ ပိတ်ပင်ကန့်သတ်တဲ့ Circuit Breaker စီမံဆောင်ရွက်ချက်ကို မူလက မေ ၄ ရက်နေ့မှာ ရုပ်သိမ်းရန်စီစဥ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ဇွန် ၁ ရက်နေ့အထိ တိုးချဲ့သတ်မှတ်ထားပါတယ်။ စင်ကာပူဟာ အရှေ့တောင်အာရှဒေသမှာ COVID-19 ကူးစက်ဖြစ်ပွာမှု အများဆုံးတွေ့ရှိထားတဲ့ နိုင်ငံဖြစ်ပြီး ယနေ့ (မေ ၁၅ ရက်) မနက်ပိုင်းအထိ ကူးစက်ခံရသူ ၂၆,၀၀၀ ကျော်၊ သေဆုံးသူ ၂၁ ဦးနဲ့ ပြန်လည်သက်သာသူ ၄,၈၀၉ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က