တစ်ယူနစ်လျှင် မြန်မာငွေ ၂၆၆ ကျပ်ဝန်းကျင် ဖြစ်လာမှာပါ။
Ko John

စင်ကာပူနိုင်ငံမှာ လာမယ့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၁ ရက်အထိ သုံးလပတ်အတွက် လျှပ်စစ်ဓာတ်အားခနှုန်းထားများ တိုးမြှင့်သတ်မှတ်မယ်လို့ အစိုးရပိုင် SP Group လျှပ်စစ်နဲ့ဂက်စ်ဖြန့်ဖြူးရေးကုမ္ပဏီက ယနေ့ (ဇွန် ၂၉ ရက်) ပြောပါတယ်။

(Photo: CNA/MediaCorp)

ပြီးခဲ့တဲ့ သုံးလတ်ပတ်ကထက် လျှပ်စစ်ဓာတ်အားခ တစ်ကီလိုဝပ် (တစ်ယူနစ်) လျှင် ၁.၄၃ ရာခိုင်နှုန်း မြင့်တက်မှာဖြစ်ပြီး နှုန်းထားသစ်အရ လစဉ် လျှပ်စစ်မီတာခ ကုန်ကျစရိတ်ဟာ ပျမ်းမျှ ၆.၃ ရာခိုင်နှုန်း တိုးမြင့်လာမယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။ လျှပ်စစ်ဓာတ်အားများ တိုးမြှင့်ရခြင်းဟာ ဓာတ်အားထုတ်လုပ်မှုအတွက် သဘာဝဓာတ်ငွေ့ဈေးနှုန်း မြင့်တက်လာမှုကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ စင်ကာပူမှာ ယခုတစ်ကြိမ် လျှပ်စစ်မီတာခများ တိုးမြှင့်မှုဟာ ငါးနှစ်နီးပါးအတွင်း အမြင့်ဆုံးဖြစ်လာပါတယ်။

(Photo: CNA)

အိမ်သုံးမီတာများအတွက် လျှပ်စစ်ဓာတ်အားခဟာ ယခင် တစ်ယူနစ်လျှင် စင်ကာပူငွေ ၂၂.၇၉ ဆင့် (မြန်မာငွေ ၂၅၀ ဝန်းကျင်) မှ ၂၄.၂၂ ဆင့် (မြန်မာငွေ ၂၆၆ ကျပ်ဝန်းကျင်) သို့ တိုးမြင့်သွားမယ်လို့ သိရပါတယ်။ ထိုနှုန်းထားသစ်အရ အခန်းလေးခန်းပါ အိမ်ခန်းတွေမှာ နေထိုင်ကြတဲ့ မိသားစုများအတွက် ပျမ်းမျှ လစဉ်မီတာခ ကုန်ကျစရိတ်ဟာ စင်ကာပူဒေါ်လာ ၅.၂၀ (မြန်မာငွေ ၅,၇၀၀ ဝန်းကျင်) ပိုများလာမှာဖြစ်ပါတယ်။

(Photo: CNA)

SP Group ဟာ စင်ကာပူအစိုးရ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့ (Energy Market Authority) က ချမှတ်ထားတဲ့ လမ်းညွှန်မှုများကို အခြေခံပြီး လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို သုံးလတစ်ကြိမ် ပြန်လည်သုံးသပ်ပါတယ်။ စင်ကာပူမှာ ဂက်စ်ဖြန့်ဖြူးနေတဲ့ City Gas ကုမ္ပဏီကလည်း ဇူလိုင်လမှ စက်တင်ဘာလအတွက် ဂက်စ်ဈေးနှုန်းများ ၁.၆ ရာခိုင်နှုန်း တိုးမြှင့်လိုက်ကြောင်း ကြေညာထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က