၁၉၅၁ ခုနှစ်ကတည်းက စက်ဘီးစတင်စီးခဲ့သူ ဖြစ်ပါတယ်။
Ko John

ဗြိတိန်မှာ အသက် ၈၂ နှစ်အရွယ် အဘိုးအိုးတစ်ဦးက စက်ဘီးစီးနင်းမှု ခရီးအကွာအဝေး မိုင်တစ်သန်းပြည့်မြောက်ခဲ့တဲ့ ပထမဆုံး ဗြိတိသျှစက်ဘီးစီးသမား ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

(Photo: PA)

ရက်စ်မန့်တ်လေ အမည်ရှိ အငြိမ်းစား အစိုးရဝန်ထမ်း အဘိုးအိုဟာ ကြာသပတေးနေ့ (နိုဝင်ဘာ ၇ ရက်) က ငါးမိုင်ခရီးကို စက်ဘီးစီးနင်းပြီး ကော်ဖီဆိုင်တစ်ဆိုင်သို့ သွားရောက်ခဲ့ကာ ၎င်းရဲ့သမိုင်းမှတ်တိုင်ကို စိုက်ထူခဲ့ပါတယ်။ မန့်တ်လေက ၁၉၅၁ ခုနှစ်ကတည်းက စက်ဘီးစတင်စီးခဲ့ပြီး ၆၈ နှစ်နီးပါးအကြာမှာ စက်ဘီးစီးနင်းတဲ့ ခရီးအကွာအဝေး မိုင်တစ်သန်းပြည့်မြောက်ကာ စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းက စက်ဘီစီးနင်းပြီး အလုပ်သွားမှု၊ ဒေသတွင်း စက်ဘီးပြိုင်ပွဲပါဝင်ယှဥ်ပြိုင်မှုနဲ့ ဥရောပနဲ့အမေရိက တောင်တန်းတွေပေါ်မှာ စက်ဘီးစီးနင်းမှုတွေကို အသေးစိတ် မှတ်သားထားခဲ့ကြောင်း သိရပါတယ်။ (Photo: PA)

"မိုင်တစ်သန်းကိုကျော်ဖို့အတွက် ဒါက နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခုလောက်ပါပဲ၊ ပြီးရင်တော့ နောက်ထပ် ဆက်သွားနေအုံးမှာပဲ၊ မိုင်နှစ်သန်းကိုတော့ ကျွန်တော် အသက် ၁၀၀ ပြည့်ပြီး သေဆုံးချိန်အမီ ပြည့်မြောက်နိုင်ကောင်းပါရဲ့" လို့ မန့်တ်လေက ပြောပါတယ်။ အခြား စက်ဘီးစီးသမားတွေ မည်မျှအရေအတွက်က ထိုအကွာအဝေးကို စက်ဘီးစီးခဲ့ပြီးကြောင်း မသိရပေမဲ့ မန့်တ်လေက ခရီးအကွာအဝေး မိုင်တစ်သန်းပြည့်မြောက်တဲ့ စက်ဘီးစီးသမားအဖြစ် သက်သေပြနိုင်ခဲတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: PA)

"ကျွန်တော် အကြောင်းအရာတွေကို အမြဲတမ်း မှတ်တမ်းတင်လေ့ရှိတယ်၊ ကျွန်တော့်ဦးနှောက်က ကျွန်တော် မတော်တဆမဖြစ်တာတွေကိုပါ ဒီလိုမှတ်တမ်းတင်ဖို့ ပြောနေတယ်လေ၊ ကျွန်တော် အဲဒါကို အမြဲတမ်းလုပ်ပါတယ်၊ အလုပ်မှာဆိုရင်လည်း ကျွန်တော်က ကိန်ဂဏန်းတွေနဲ့ပတ်သက်ပြီး စိတ်အားထက်သန်ပြီး ကျွမ်းကျင်ပါတယ်၊ ကျွန်တော် မက်ထရစ်စနစ်ကနေ အင်္ဂလိပ်စနစ် အတိုင်းအတာကို အမြန်တွက်ချက်ပြောင်းလဲနိုင်ပါတယ်" လို့ မန့်တ်လေက ဆိုပါတယ်။

(Photo: PA)

"ကျွန်တော် ကားတိုက်ခံရတာ၊ ကုန်တင်ကားတစ်စီးနဲ့တိုက်မိပြီး ဆောက်သမ်တန်ဆေးရုံမှာ သုံးရက်လောက် သတိမေ့နေခဲ့တာတွေကိုလည်း ကျွန်တော် မှတ်မိနိုင်ပါတယ်" လို့ ၎င်းကပြောပါတယ်။ ဗြိတိန်စက်ဘီးစီးအဖွဲ့ Cycling UK မှ ညွှန်ကြားရေးမှူးက မန့်တ်လေရဲ့ သမိုင်းမှတ်တိုင်စိုက်ထူမှုနိုင်က ဗြိတိန်မှာ စက်ဘီးပိုစီးလာကြစေရန် အားပေးရာရောက်လိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ "ကျွန်မတို့ရဲ့မစ်ရှင်က စက်ဘီးစီးသူ တစ်သန်းကျော်ရှိဖို့ပါ" လို့ သူမက ပြောခဲ့ပါတယ်။



က္က