စပိန်တုပ်ကွေး၊ စပိန်ပြည်တွင်းစစ်နဲ့ ယခု COVID-19 တို့ကို ကြုံတွေ့ခဲ့ပြီး အသက်ရှင်ကျန်သူ ဖြစ်လာပါတယ်။

စပိန်နိုင်ငံမှာ အသက်အကြီးဆုံး အမျိုးသမီးဖြစ်တဲ့ အသက် ၁၁၃ နှစ်အရွယ် အဘွားအိုဟာ COVID-19 ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာလာခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: La Vanguardia/YouTube screenshot)

အဘွားအို မာရီယာဘရန်ယက်စ်ဟာ မတ်လအတွင်းက စပိန်တစ်နိုင်ငံလုံးကို lockdown လုပ်ခဲ့ပြီးနောက် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ သို့သော် ၎င်းကို သီတင်းပတ်များကြာ သီးသန့်ခွဲခြားထားခဲ့ပြီးနောက် အဘွားအိုမာရီယာဟာ ပြန်လည်သက်သာလာခဲ့ပြီး မပြင်းထန်တဲ့ ရောဂါလက္ခဏာများသာ တွေ့ရတော့တယ်လို့ ဆိုပါတယ်။



အသက်ရှည်လှတဲ့ အဘွားအိုမာရီယာဟာ ၁၉၁၈-၁၉ ခုနှစ် စပိန်တုပ်ကွေး၊ ၁၉၃၆-၃၉ စပိန်ပြည်တွင်းစစ်နဲ့ ယခု COVID-19 ကပ်ရောဂါကာလတို့ကို ကြုံတွေ့ဖြတ်သန်းခဲ့ပြီး အသက်ရှင်ကျန်ခဲ့သူ ဖြစ်လာပါတယ်။ "အခု အမေ နေကောင်းပါတယ်၊ အမေက တစ်ကယ့် အံ့ဖွယ်ပါပဲ" လို့ မာရီယာရဲ့ သမီးဖြစ်သူက Twitter မှာ ရေးသားထားပါတယ်။

(Photo: Josep_Rexach/Twitter)

အဘွားအိုမာရီယာကို ၁၉၀၇ ခုနှစ်က မက္ကစီကိုနိုင်ငံမှာ မွေးဖွားခဲ့ပြီးနောက် နှစ်နှစ်အကြာမှာ ဆန်ဖရန်စစ္စကိုသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ထို့နောက် စပိန်နိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကတ်တလန်ဒေသ ဂျီရိုနာကို သူမရဲ့ဖခင် စပိန်ဂျာနယ်လစ်နဲ့အတူ ပထမ ကမ္ဘာစစ်အတွင်း ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

မာရီယာမှာ ကလေးသုံးဦးရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးက လက်ရှိမှာ အသက် ၈၆ နှစ်ပြည့်ပြီလို့ ဆိုပါတယ်။ အဘွားအိုမာရီယာက မြေး ၁၁ ယောက်ရှိရာ အကြီးဆုံးက အသက် ၆၀ နှစ်အရွယ်ဖြစ်ပြီး မြစ် ၁၃ ဦးလည်းရှိကြောင်း သိရပါတယ်။ သူမဟာ အိုလော့မြို့ရှိ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာတစ်ခုမှာ နေထိုင်လာခဲ့တာ နှစ် ၂၀ ကြာပြီလို့လည်း သိရပါတယ်။ "ကျွန်မ ဘာမှ မလုပ်ပါဘူး၊ ဒါပေမဲ့ ရှင်သန်နေတာပါပဲ" လို့ ယမန်နှစ်အတွင်း စပိန်သတင်းစာ La Vanguardia ကို ပြောခဲ့ဖူးပါတယ်။


.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က