စပိန်ဟာ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။

COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ အဆိုးဆုံးဖြစ်ပွားရာ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ စပိန်မှာ အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားမှု အစီအမံတွေကို စတင်ဖြေလျှော့ပေးနေပြီ ဖြစ်ပါတယ်။

(Photo: Reuters)

COVID-19 ကြောင့် စပိန်ရဲ့ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းနေခဲ့ရပါတယ်။ ယခုအခါမှာတော့ ထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနဲ့ ဝန်ဆောင်မှုအချို့ကို ဘေးကင်းလုံခြုံရေး တင်းကျပ်တဲ့ လမ်းညွှန်ချက်တွေနဲ့အတူ ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့ပြီလို့ သိရပါတယ်။ စပိန်နိုင်ငံတစ်ဝှမ်း ကျန်ရှိတဲ့ လူဦးရေအားလုံးကိုတော့ နေအိမ်မှာပဲ နေခိုင်းထားဆဲဖြစ်ပါတယ်။



စပိန်မှာ ယမန်နေ့ (ဧပြီ ၁၃ ရက်) ညပိုင်းအထိ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၉,၄၉၆ ဦးအထိရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှာ အမေရိကန်ပြီးလျှင် ကူးစက်မှုအများဆုံး တွေ့ရှိထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ သို့သော် နေ့စဥ် ကူးစက်မှုအသစ်တွေ့ရှိရသူ အရေအတွက် ဆက်လက် လျော့ကျနေတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: EPA)

စပိန်နိုင်ငံမှာ နေ့စဥ် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုဟာလည်း အနည်းငယ်လျော့ကျသွားခဲ့ပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ၅၁၇ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့မှာ ပြောပါတယ်။ လက်ရှိအချိန်အထိ စပိန်မှာ COVID-19 ကြောင့် ၁၇,၄၈၉ ဦး သေဆုံးခဲ့ပြီး ၆၄,၇၂၇ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။

"ကျွန်တော်တို့ နေ့စဥ် ဘဝတွေမှာ ပုံမှန်အခြေအနေ ပြန်ရောက်ပြီး အောင်ပွဲရဖို့တော့ ဝေးနေဆဲပါ၊ လမ်းပေါ်ပြန်ထွက်ဖို့ ကျွန်တော်တို့အားလုံး စိတ်အားထက်သန်ကြပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဆန္ဒက ဗိုင်းရပ်စ်နဲ့စစ်ပွဲကို အနိုင်ယူပြီး နောက်ထပ် ကူးစက်မှုတွေ ပြန်ဖြစ်မလာစေဖို့ပါ" လို့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်က ပြောခဲ့ပါတယ်။

(Photo: EPA)

စပိန်အစိုးရက မတ်လ ၂၇ ရက်နေ့မှာ စတင်သတ်မှတ်ခဲ့တဲ့ ပိတ်ပင်ကန့်သတ်ချက်များအနက်မှ အချို့ကို စတင်ဖြေလျှော့ပေးခဲ့ပြီး ဝန်ထမ်းများ နေအိမ်မှ အလုပ်လုပ်ရန် အဆင်မပြေတဲ့ လုပ်ငန်းတွေကို ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။ စပိန်တာဝန်ရှိသူတွေက အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ mask ၁၀ သန်းကို ဖြန့်ဝေပေးရန် ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ အဆိုးဆုံးဖြစ်ပွားတဲ့ အီတလီနိုင်ငံမှာလည်း လုပ်ငန်းအရေအတွက် အနည်းအကျဥ်းမျှကို ယနေ့ (ဧပြီ ၁၄ ရက်) မှာ အလုပ်ပြန်လုပ်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ အီတလီမှာ ယနေ့ညပိုင်းအထိ ကူးစက်ခံရသူ ၁၅၆,၃၆၃ ဦး၊ သေဆုံးသူ ၁၉,၈၉၉ နဲ့ ပြန်လည်သက်သာသူ ၃၄,၂၁၁ ဦးရှိခဲ့ပါတယ်။ 

ဆက်စပ်သတင်းတစ်ရပ်အရ အခြား ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဩစတြီးယားမှာလည်း ပိတ်ပင်ကန့်သတ်မှုတွေနဲ့အတူ lockdown လုပ်ထားမှုတွေ စတင်ဖြေလျှော့ပေးခဲ့ပြီး နိုင်ငံတစ်ဝှမ်း ဆိုင်အရေအတွက် ထောင်နဲ့ချီပြီး ယနေ့ ပြန်ဖွင့်လာကြပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က