loading...

loading...

loading...

ပြည်ထဲရေးဝန်ကြီး ပီတာဒတ်တန်က ၎င်းထံမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ပြောပါတယ်။
Ko John

ဩစတြေးလျ ပြည်ထဲရေးဝန်ကြီး ပီတာဒတ်တန်က ၎င်းထံမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ယနေ့ (မတ်လ ၁၃ ရက်) ထုတ်ဖော်ပြောကြားပါတယ်။

(Photo: @PeterDutton_MP/Twitter)

"ဒီမနက် ကျွန်တော် နှိုးလာတော့ ကိုယ်ပူပြီး လည်ချောင်းနာနေတယ်၊ ကျွန်တော် ကွင်းစ်လန်းကျန်းမာရေးဌာနကို ချက်ချင်း ဆက်သွယ်ခဲ့ပြီး COVID-19 စစ်ဆေးခဲ့ပါတယ်၊ အခု မွန်းလွဲပိုင်းကပဲ ကွင်းစ်လန်းကျန်းမာရေးဌာနက ကျွန်တော့်ဆီမှာ ဗိုင်းရပ်စ်ရှိနေတယ်လို့ အကြောင်းကြားလာပါတယ်" လို့ ပြည်ထဲရေးဝန်ကြီးရုံးက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ဝန်ကြီးက ပြောထားပါတယ်။

"ကွင်းစ်လန်းကျန်းမာရေးဌာနရဲ့ မူဝါဒအရ ဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ဆေးရုံတက်ရမှာ ဖြစ်ပါတယ်၊ ကျွန်တော် သူတို့ရဲ့ အကြံပြုချက်အတိုင်း လိုက်နာခဲ့ပါတယ်၊ ကျွန်တော် နေလို့ကောင်းပါတယ်၊ ပြီးတော့ အချိန်နဲ့အညီ သတင်းပေးသွားမှာပါ" လို့ ပီတာဒတ်တန်က ပြောကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

(Photo: Kin Cheung/AP)

မတ်လ ၁၃ ရက် မွန်းလွဲပိုင်းအထိ စာရင်းတွေအရ ဩစတြေးလျမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၈ ဦး၊ သေဆုံးသူ ၃ ဦးနဲ့ ပြန်လည်သက်သာလာသူ ၂၁ ဦးရှိခဲ့ပါတယ်။ မတ်လ ၁၃ ရက် မွန်းလွဲပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄,၉၆၉ ဦးအထိ မြင့်တက်လာပြီး ကူးစက်ခံရသူ ၁၃၄,၁၁၄ ဦးနဲ့ ပြန်လည်သက်သာလာသူ ၆၇,၀၀၃ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က