ဩစတြေးလျအတွက် ကာကွယ်ဆေးရရှိရန် AstraZeneca နဲ့ သဘောတူညီထားကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဩစတြေးလျက အလားအလာကောင်းတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုး ရရှိမှာဖြစ်ကြောင်းနဲ့ နိုင်ငံလူဦးရေ ၂၅ သန်းလုံးကို အခမဲ့ ထိုးနှံပေးသွားမယ်လို့ ပြောပါတယ်။

(Photo: University of Oxford)

ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca နဲ့ အောက်စ်ဖို့တက္ကသိုလ်တို့က ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို ရရှိမယ်လို့ ဩစတြေးလျက ဆိုပါတယ်။ စမ်းသပ်မှုများ အောင်မြင်ခဲ့ပါက ဩစတြေးလျနိုင်ငံအတွက် ကာကွယ်ဆေး စောစီးစွာရရှိနိုင်ရန် AstraZeneca နဲ့ သဘောတူညီထားကြောင်း ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောပါတယ်။



COVID-19 ကာကွယ်ဆေးရရှိလာပါက စည်းမျဥ်းစည်းကမ်းအရ မဖြစ်မနေ ထိုးနှံရတာမျိုး ဖြစ်နိုင်တယ်လို့လည်း ၎င်းကဆိုပါတယ်။ ဩစတြေးလျမှာ COVID-19 ကြောင့် သေဆုံးသူ ၄၅၀ ဦးရှိခဲ့ပြီး အများစုဟာ ဗစ်တိုးရီးယားပြည်နယ်မှာ ကူးစက်ဖြစ်ပွားမှုများမှ ဖြစ်ပါတယ်။


(Photo: AFP)

ယခုလအစောပိုင်းမှာတော့ ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားနေတဲ့ ဗစ်တိုးရီးယားပြည်နယ်ကို ဘေးအန္တရာယ်ကျရောက်ကြောင်း ကြေညာခဲ့ပြီး တင်းကျပ်တဲ့ lockdown အစီအမံများ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဗစ်တိုးရီးယားမှာ ကုသမှုခံယူနေရဆဲ COVID-19 အတည်ပြုလူနာ ၇,၀၀၀ ကျော်ရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ဗစ်တိုးရီးယားပြည်နယ်အတွင်း ကူးစက်မှုအသစ်တွေ လျော့နည်းသွားခဲ့ကြောင်း သိရပါတယ်။ အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca တို့ရဲ့ ကာကွယ်ဆေးဟာ လူတွေမှာစမ်းသပ်မှု နောက်ဆုံးအဆင့်တွေကို ရောက်နေပြီဖြစ်တဲ့ အလားအလားရှိ COVID-19 ကာကွယ်ဆေးငါးမျိုးအနက် အပါအဝင် ဖြစ်ပါတယ်။

(Photo: AFP)

ထိုကာကွယ်ဆေးတွေကို သေချာပေါက် ရရှိနိုင်ရန် ကမ္ဘာ့နိုင်ငံတွေက ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။ "ကာကွယ်ဆေးစမ်းသပ်မှု အောင်မြင်ပြီး အတည်ပြုချက်ရခဲ့ရင် ကျွန်တော်တို့ ထုတ်လုပ်သွားပြီး ဩစတြေးလျ လူဦးရေ ၂၅ သန်းအတွက် အခမဲ့ ဖြစ်မှာပါ" လို့ ဝန်ကြီးချုပ်မော်ရစ်ဆင်က ပြောပါတယ်။

Share

Loading Next Article...
က္က